Professional Authors

“ကဗျာနဲ့ဆရာ”(ဒီတူးဆစ်တောင်ငူ)

“ကဗျာနဲ့ဆရာ”

ငွေကြေးအတွက် ငါ ..ကဗျာမရေးဘူး

ထမင်းတစ်လုတ်အတွက် ငါ ..ကဗျာမရေးဘူး

နာမည်တစ်လုံးအတွက် ငါ ..ကဗျာမရေးဘူး

ကျောတစ်ခင်းစာအတွက် ငါ ..ကဗျာမရေးဘူး

ငါက, ကဗျာဆရာမဟုတ်သလို

ကဗျာ,ကလဲငါ့ဆရာမဟုတ်ခဲ့ဘူး…….။

ကမ္ဘာကြီးအတွက် ငါ …ကဗျာရေးတယ်

စိတ်အစာအတွက် ငါ …ကဗျာရေးတယ်

ဘ၀တစ်ခုလုံးအတွက် ငါ …ကဗျာရေးတယ်

ငါက ,ကဗျာဆရာမဟုတ်သလို

ကဗျာ,ကလဲငါ့ဆရာမဟုတ်ခဲ့ဘူး။

ဒီလိုနဲ့ပဲ……..

ငါနဲ့ကဗျာ

ကဗျာနဲ့ငါ့ကြား

ဝေါဟာတွေ လုံးချာလည်နေလိုက်တာ

ဆရာ,ကလဲကဗျာမဆန်သလို

ကဗျာကလဲဆရာမဆန်ပြန်ဘူး

 

ဒီတူးဆစ်တောင်ငူ

In: ကဗျာ Posted By: Date: Mar 4, 2012
Comment #1

phat loh a yan kaung par d,,
kar yan like nay tar pe

commentinfo By: ei lay at Mar 4, 2012
Comment #2

ငါက ,ကဗျာဆရာမဟုတ်သလို
ကဗျာ,ကလဲငါ့ဆရာမဟုတ်ခဲ့ဘူး။

commentinfo By: kantkawmg at Mar 4, 2012
Comment #3

ဟုတ်ကဲ့ကျေးဇူးပါနော်………….

commentinfo By: D26 at Mar 4, 2012
Comment #4

ဒီကဗျာလေး လိုပါပဲ မစ္စတာ ဘလက်ရေ ..ကျွန်တော် ဘာအတွက် မှ ကဗျာရေးနေတာမဟုတ်ပါဘူး…အဲ့ဒီအတွက် ကျွန်တော် ကဗျာဆရာ မဟုတ်ပါဘူး….ဒါကြောင့်ကျွန်တော့ ကဗျာတွေ မှာ သတ်မှတ်ချက် မရှိလို ကဗျာ မဟုတ်ဘူးဆိုရင်တောင်မှ ကျွန်တော် ၀မ်းနည်းနေမှာ မဟုတ်ပါဘူး….ကျွန်တော် ကဗျာ ရေးနေခြင်းမဟုတ်ပါ ကျွန်တော့နှလုံးသားကို copyပွားပြီးချပြနေတာပါ…ကျေးဇူးတင်ပါတယ် သူငယ်ချင်းများအားလုံးကို

commentinfo By: D26 at Mar 13, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment