Professional Authors

တကယ်တော့ လူတစ်ယောက်ကို ချစ်ရတာ တစ်ယောက်ထဲနဲ့ (၇)နှစ်ထွေအက ကနေရတဲ့ မင်းသားလို့ဘဲ

၁ ။

သူမ ရဲ့ စကားလုံး အသွား အလာ မှာ

ကျနော်နှလုံးသား ဖျားနာတက်မှန်းလဲ သိတော့

လေစိမ်းတွေ ခဏခဏ တိုက်တော့တာဘဲ ။

၂ ။

သူမရဲ့ အပြူံး တစ်ချက်နဲ့

ကျနော်က ဆောင်းဆိုတာလဲဖြတ်သန်းခဲ့

နွေ ဆိုတာလဲ ရင်ဆိုင်ခဲ့

မိုး ဆိုတာလဲ မမှုခဲ့ တာတွေ သူမ သိတော့

ဟန်ဆောင်အပြုံးတုတွေ ခဏခဏ ခြွေပြခဲ့တယ် ။

၃ ။

တကယ်တော့

လူတစ်ယောက်ကို ချစ်ရတာ

တစ်ယောက်ထဲနဲ့ (၇)နှစ်ထွေအက

ကနေရတဲ့ မင်းသားလို့ဘဲ ကျနော်မှာ

ဘီလူးဆိုင်းတီးလိုက်ရ

အလွမ်းသီချင်းဆိုလိုက်ရ

မျက်ရည်ကြလိုက်ရနဲ့

တစ်ခါတစ်လေ အထီးကျန်ခြင်းနဲ့ အချိန်ပို နှစ်ပါးသွားက ကလိုက်ရသေးတယ် ။

၎ ။

အခုတော့ ကျနော် ဘ၀ က

လူရွှင်တော်တစ်ယောက်လို့ဘဲ

ခံစားချက်တွေနဲ့ ငိုနေလဲ ဟာသလို့ထင်

သစ္စာနဲ့ ပြောပေမယ့်လဲ မုသားလို့ထင်

တကယ်ပါ ကျနော် သူမကိုယ့်ချစ်ခဲ့ပြီးမှာ

လူရွှင်တော်တစ်ယောက်လို ဟားတိုက်ရယ်မောသံတွေကြားထဲမှာ

နေထိုင်လာတက်ခဲ့တယ် ။

လက်ျာ

In: ကဗျာ Posted By: Date: Jun 23, 2014
Comment #1

လူရွှင်တော်တစ်ယောက်လို့ဘဲ
ခံစားချက်တွေနဲ့ ငိုနေလဲ ဟာသလို့ထင်
သစ္စာနဲ့ ပြောပေမယ့်လဲ မုသားလို့ထင်
…….
အားပေးသွားပါသည်။

commentinfo By: နွေ at Jun 24, 2014

Leave Comments

Name*

Email*
Website
Email me whenever there is new comment