Professional Authors

ကြေကွဲခြင်းကိစ္စ

ထိ မှ နာ
နာမှ အရာထင်
အဲ့ဒီလို ဆင်​ခြင်​မိ​တော့
ဒဏ်​ရာဆိုတာကိုပဲ
လိုအပ်​သလိုလို။ ။
ခံစားမှု ကူးစက်​​ရောဂါ
တော်​စတွိုင်း စိတ်​ဖွင့်​လှိုင်းပုတ်
လုပ်​နည်းလုပ်​ဟန်​အရဆို
အင်္ဂ၀ိဇ္ဇာ ၊ လိပ်​ပြာ ခန္ဓာကူးအတတ်
လိုအပ်​သလိုလို။ ။
ဟိုဟာလို ဒီဟာလိုနဲ့…
က​လေး​ရေ
ငိုတတ်​ဖို့ကို သင်​ယူကြရသတဲ့
ဝမ်းနည်းစရာ။ ။

In: ကဗျာ Posted By: Date: May 29, 2014
Comment #1

အကျိုးတရားနဲ့ အကြောင်းတရားပေါ့ဗျာ..
ငိုမနေပါနဲ့ … မငိုပါနဲ့ကလေးရေ …

commentinfo By: minkoko110 at Jun 1, 2014

Leave Comments

Name*

Email*
Website
Email me whenever there is new comment