Professional Authors

Nothing?

ချစ်ရတဲ့သူ
ကြင်နာရတဲ့သူ
မြတ်နိုးရတဲ့သူ ရေ
မင်းအတွက်ကိုလေ
မင်းလိုရင် အချိန်တိုင်းသုံးဖို့
ငါ့ရဲ့ အချိန်တွေ ပေးပါရစေ……..။

ချစ်ရတဲ့သူ
တွယ်တာရတဲ့ သူ
မေ့မရတဲ့သူရေ
မင်းခေါင်းလေးများမူးရင်
မင်းမှီနွဲ့မှေးစက်ဖို့
ဟော့ ဒီ ပုခုံးနဲ့
ဟော့ဒီ ဘယ်လက်မောင်းကို အသုံးချပါမေ……။

ချစ်ရတဲ့သူ
နှောင်ရစ်တဲ့သူ
ဆွဲငင်တဲ့သူရေ
မင်းအတွက် မင်းဘေးနားမှာ
အန္တရယ် များကာဆီးပေးဖို့
ကိုယ့်ညာဘက်လက်ကို
အစဉ်အမြဲ ကမ်းလင့်ပါ့မယ်လေ………။

ချစ်ရတဲ့သူ
လှလွန်းတဲ့သူ
ယဉ်လွန်းတဲ့သူရေ
မင်းအတွက်
မင်းရှိရာအရပ်
မင်းရှိရာ ဌာနေ
အရောက်လာဖို့
ငါ့ခြေထောက်တွေက
အစဉ်သင့်ပါမေ……………။

ချစ်ရတဲ့ သူ
ငါ့ရဲ့ချစ်သူ
ငါ ရဲ့ဘ၀ရေ
မင်းအတွက်
အချိန်တိုင်းစဉ်းစား
အချိန်တိုင်းခံစားပေးဖို့
ငါ့ဦးနှောက်နဲ့
ငါ နှလုံးသား မင်းအတွက် အသင့်ပေါ့ချစ်သူ…။

ချစ်ရတဲ့သူရေ
တစ်ခုတည်းမင်းပြန်စဉ်းစားပေးပါ
မင်းအတွက်
ငါ့ခန္တာငါ့စိတ်
ငါ့အသက် ငါ့နှလုံးသား
မင်းကြိုက်သလို အသုံးပြုနိုင်ပါတယ်
ငါ့မှာ နောက်ထပ် ပေးစရာမကျန်တော့တာကိုပါ
မင်းထပ်ယူပါဦး ကောင်မလေးရေ………………။

အေး ဟုတ်တယ် ငါ မှာ ဘာမှ မရှိတော့ပါလား………?

In: ကဗျာ Posted By: Date: Dec 11, 2011
Comment #1

ငါ့မှာ နောက်ထပ် ပေးစရာမကျန်တော့တာကိုပါ
မင်းထပ်ယူပါဦး ကောင်မလေးရေ………………။

အေး ဟုတ်တယ် ငါ မှာ ဘာမှ မရှိတော့ပါလား………?

commentinfo By: May Kha at Dec 12, 2011
Comment #2

really?
r u sure?

lone wa lone wa kway nay p naw….

commentinfo By: ei lay at Dec 12, 2011
Comment #3

Ta ke Shi yin Kaung hmar be naw.

commentinfo By: ei lay at Dec 27, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment