Professional Authors

မင်းအတွက်တော့ ငါဆိုတာ…..

ငါဆိုတာ….
မင်းမျက်နှာတစ်ချက်ညှိုးရင်
ရင်ကျိုးသေမယ့်ကောင်……..
မင်းစကားသံကြမ်းရင်..
ရင်အခြမ်းခြမ်းကွဲမယ့်ကောင်…..
မင်းပျော်မယ်ဆိုရင်…
ချော်ရည်ပူတွေတောင် သောက်ပြရဲတဲ့ကောင်…….
မင်းအလိုရှိလို့……
ငိုဆိုရင်လဲ ငိုပြရဲတဲ့ကောင်…..
မင်းဘ၀လှပဖို့….
ငါ့မာနတွေတောင် လွှင့်ပစ်ရဲတဲ့ကောင်…..
တကယ်တမ်းကျတော့
ငါဆိုတာ…
မင်းအတွက်…
သုံးစားမရတဲ့
ခပ်ညံ့ညံ့ငပေါကြီးတစ်ကောင်…..
ဖြစ်တတ်ပါတယ်..
မင်း ပေါ စေချင်တဲ့အတိုင်း
ငါ ပေါပြမယ်…
စိတ်တော့မရှိနဲ့..
ငါဆိုတာ…မင်းအတွက်
ဘယ်သူတွေဘယ်လိုထင်ထင်
ဈေးကျခံပြီး ချစ်ပြရဲမယ့်ကောင်ဆိုတာ…
မင်း လက်မခံချင်လဲ လက်ခံရမှာပဲ

In: ကဗျာ Posted By: Date: Aug 25, 2011
Comment #1

he,,he,,
mike de kwar.
bar loh lat ma khan chin ya hmar le?
d lout a nit nar khan p pay sat tat de chit thu ko.

commentinfo By: ei lay at Aug 25, 2011
Comment #2

အဲဒီအနစ်နာခံတယ်ဆိုတာက
သူ့အတွက်တော့ ရီစရာပြက်လုံးတွေဖြစ်နေတာလေ….
သူမချစ်တဲ့လူတစ်ယောက်က
ဘယ်လောက်ပေးဆပ်နေနေ
သူကတော့ ငပေါကြီးလို့ထင်နေမှာပဲ….

commentinfo By: လွမ်းနောင် at Aug 25, 2011
Comment #3

ငါဆိုတာ…မင်းအတွက်
ဘယ်သူတွေဘယ်လိုထင်ထင်
ဈေးကျခံပြီး ချစ်ပြရဲမယ့်ကောင်ဆိုတာ…
မင်း လက်မခံချင်လဲ လက်ခံရမှာပဲ
ဟုတ်တယ်….လက်ခံ၇မှာလဲ အမှန်ပဲလေ
အဲဒါ…ကိုလွမ်းနောင်။

commentinfo By: poem.poem28 at Aug 26, 2011
Comment #4

ငါဆိုတာ…
မင်းအတွက်…
သုံးစားမရတဲ့
ခပ်ညံ့ညံ့ငပေါကြီးတစ်ကောင်…..
အဟဲ…အားပေးသွားပါတယ်ဗျာ..ကဗျာလေး..ကောင်းတယ်

commentinfo By: အသဲကွဲမိုး at Aug 26, 2011
Comment #5

ho ka htin nay de loh pyaw ya aung shin ka be lo ti tone?
mae kyi loh lar?

hote chin hma hote hmar pop loh.
ta phat tat g ko pyit chat tin nay dot dar pe.
ne ne par par le akaung myin pay like par ong.
ta nar par de.

commentinfo By: ei lay at Aug 26, 2011
Comment #6

သူအဲ့လိုထင်နေတယ်ဆိုတာ
သူ့စကားတွေမှာပေါ်လွင်နေပါတယ်
ကျွန်တော်လေးလေးနက်နက်ပြောလိုက်တိုင်း
သူက ဟာသလုပ်ပစ်လိုက်တယ်….
ကျွန်တော်ဘာမှပြောလို့မရအောင် လုပ်လေ့ရှိတယ်
သက်သေမခိုင်လုံပေမယ့် ပြစ်မှုထင်ရှားပါတယ်ဗျာ…

commentinfo By: လွမ်းနောင် at Aug 26, 2011
Comment #7

hote ke,
a ko koh a shone pay like par p.
hote de,,,hman de,,ko lwan naung.

he,,he,,
kyay nat p lar?

commentinfo By: ei lay at Aug 26, 2011
Comment #8

pyit hmu ka htaung dan be hna hnit cha like le hin?

commentinfo By: ei lay at Feb 27, 2012
Comment #9

read again & feel again.
😛
so touching

commentinfo By: ei lay at Jun 27, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment