နဲနဲလေးတော့ ခံစားပေးပေါ့
သက်ပြင်းလေးတွေ ခိုးခိုးချ
စိုးရိမ်နေခဲ့မိတာ
ဆုံးရှူံးလိုက်ရမှာ
တခုတည်းပါ ..
မင်းနဲ့ ဆုံပြီးတိုင်း
မနက်ဖန် ဆိုတာ
အလွမ်းတွေ ချည်းပဲ မဟုတ်လား
မြင်လည်းလွမ်း
မမြင်လည်းလွမ်း
နေရင်းထိုင်ရင်းလွမ်းတယ်ဆိုတာ
ငါ့အသက်ရှူသံတိုင်းပါပဲ
ယုံ .. လို့တော့
မတိုက်တွန်းလိုဘူး
စိတ်ကူးတွေထဲမှာ
အမြဲရှိနေသူပါ ..
လှမ်းမလာပါဘူးဆိုတဲ့
ငါ့ခြေလှမ်းတွေကတော့
အလွမ်းတစ်ရာမက
စိုးမိုးထားခဲ့တာပါ ..
ဒါပေမယ့်
စွန့်လွှတ်နိုင်တဲ့ သူရဲကောင်းတော့
ကိုယ် … မဟုတ်ဘူး
ပေးဆပ်နေမှုတိုင်းအတွက်
မင်း ဆွေးတတ်နေစရာမလိုပါဘူး
မင်းကို အတွေးမခက်စေအောင်လည်း
အေးအေးစေးစေး လေးပဲ
ချစ်ခဲ့တာ
နွေးနွေးထွေးထွေး လေးဖြစ်အောင်တော့
ခပ်ရေးရေးလေး ခံစားပေးပေါ့
ချစ်သူရယ် …
လွမ်းလှိုင်း
Comment #6
a yan kyike de,,
a yan kyike de,,,
ne ne lay dot khan sar pay pop..
By: ei lay at Dec 4, 2011
Comment #7
ရေးလေး ခံစားပေးပေါ့တဲ့ ခင်ဗျားတော်တော်နောက်တာပဲ ကိုလွမ်းလှိုင်း
ခရေးကို နောက်ပြောင်ခြင်းသည်းခံပါ 🙂
ကောင်းတယ်ဗျ ကဗျာလေး
ိုကိုလွမ်းလှိုင်းပြောတဲ့ သူတစ်ယောက်လည်း ဒီကဗျာလေးဖတ်ဖြစ်ပါစေဗျာ
အပေါ်က နောက်သွားတာကိုလည်း စိတ်မရှိနဲ့ဗျ ။
By: X - ray at Feb 9, 2012
Comment #8
Ne. ne laee kou chinn sar pay yin taw par p.
:'(
:'(
:'(
By: ei lay at Dec 13, 2012
Comment #9
မြင်လည်းလွမ်း
မမြင်လည်းလွမ်း
နေရင်းထိုင်ရင်းလွမ်းတယ်ဆိုတာ
ငါ့အသက်ရှူသံတိုင်းပါပဲ
……………………………….
အရမ်းကောင်းပါတယ်..
By: နွေ at Mar 23, 2013




Comment #1
ကောင်းပါတယ်။