Professional Authors

ငါမလိုချင်တဲ့ တစ်ခါတစ်ရံ

ရိုးသားခြင်းတွေထမ်းပိုး

ရူးကြောင်ကြောင် လိုက်ဖမ်းမိတယ်

ထောင်ချောက်တစ်ခုလား မတွေးဘူး

ဖြူစင်မှုတွေ စွန်းထင်းပေကျံရင်း

ပလုံစီထ တတွတ်တွတ်ရွတ်ဆိုနေခဲ့တာ

ဒါနောက်ဆုံးပါတဲ့ ။

မျက်ဝန်းကနားထောင်နေဆဲ

တဖြုတ်ဖြုတ်ကြွေကျနေတဲ့ စကားလုံးတွေ

လိုက်ကောက်ဖို့ ယုံကြည်ချက်မရှိပြန်ဘူး ။

ကိုယ့်ကိုကိုယ်စီရင်ဖို့ တွေဝေနေခဲ့ရင်း

ခေါင်းလောင်းထိုးသံမကြားဘူး

တရားဟောဓမ္မသံမကြားဘူး

အသက်ရှုသံတစ်ချို့တစ်ဝက်

ခပ်လေးလေး ပြန်ပစ်ချလိုက်ရတဲ့ခဏမှာ

ဒါနောက်ဆုံးဆိုတာ ယုံကြည်ချင်ခဲ့မိပြီလေ ။   ။

In: ကဗျာ Posted By: Date: Dec 6, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment