Professional Authors

ဝှက်ဖဲ တစ်ချက်ရဲ့ ယုံတမ်းစကား

မနေ့က ငါ့ယုံကြည်မှုတွေ မျှော်လင့်ချက်တွေ
ဒီနေ့တော့ ငါ့တံခါးကိုပွင့်ကြည့်လိုက်တော့
ငါ့ဝန်းကျင်မှာ ယုံကြည်ရမည့်သတင်းကောင်းတွေ
ငါ့နားထောင်ရင်း မနက်ဖြန် ငါလျှောက်လှမ်းရမည့်လမ်းမှာ
သာယာနာပျော်ဖွယ်တွေ ဝေးလွင့်လို့ အတိတ်အတွေးရိပ်တွေတောင်
ငါ့အခန်းကျဉ်းမှာ ကျန်ရစ်အထီးကျန်ရင်း နေရောင်ခြည်အောက်ကို
ငါရောက်ရှိတယ် သိုသော် ငါ့တို့ လွတ်မြောက်လာတဲ့ အခန်းကျဉ်းက
ငါ့အတွက်တော့ အကောင်းဆုံးပေါ့….. အင်း…. ငါ့အတွေးတွေမှာ
ငါ့မှာ လွတ်မြောက်ခြင်းကို လိုလားခဲ့တာ
ငါ့အတွက်မဟုတ်သလို ငါ့မိသားစုအတွက်လည်း
မဟုတ်ခဲ့ဘူး ငါ့ဟာ အားလုံးအတွက်
ငါ့ကြိုးစားခဲ့တာ ငါ မသိသော အတိတ်တွေကို အခန်းကျဉ်းမှာ
မေ့ကျန်ထားရစ် ဝန်ခံကတိပေးရင်း ငါ့တံခါးကို ပွင့်ခဲ့တယ်
ငါရောက်လာတဲ့ ပစ္စပ္ပုန်တံခါးရှေ့မှာ ပတ်ဝန်းကျင်ကိုငေးကြည့်ရင်း
ငါ့ရှေ့မှောက်မှာ တံခါးခေါက်သံ တစ်ချက်က ငါ့နှလုံးသားထဲကို
ရောက်ရှိလာတယ် ငါ့အသိစိတ်က သာယာ မြစ်ကြီး လောကတွင်းက
ကျန်ရစ်သူကို ရင်တွင်းဖြစ် စကားလေးပြောလိုက်ချင်သည်..
မနေ့က ငါ့ယုံကြည်ချက်ဟာ ဒီနေ့ မျက်ကန်းယုံကြည်ချက်သာဖြစ်ခဲ့
မနက်ဖြန် ငါ့အသက်ရှင် ထင်ကျန်ခဲ့ရင် မင်းတို့နဲ့ ဆွေနွေးလိုက်ချင်ရဲ့……….
ငါ့ရဲ့ မှားချက် ဝှက်ဖဲတစ်ချက်ကြောင့်ပေါ့……..
ငါ ကြားလိုက်တဲ့ယုံတမ်းစကားတွေ ငါ့တံခါးကြားနဲ့
ငါ့အမှောင်ထုကြား တိုးဝင်တိုက်ခိုက်လို့
အဝေးက ဝိုးတဝါးသံက ငါ့ရင်ကို ထုချေခဲ့လို့ပေါ့…….

တက္ကသိုလ်မြတ်မင်း

In: ကဗျာ Posted By: Date: Oct 13, 2011
Comment #1

အားပေးသွားတယ် ကိုမြတ်မင်း

commentinfo By: Village chat kyi at Oct 13, 2011
Comment #2

သိုသော် ငါ့တို့ လွတ်မြောက်လာတဲ့ အခန်းကျဉ်းက
ငါ့အတွက်တော့ အကောင်းဆုံးပေါ့….. အင်း…. ငါ့အတွေးတွေမှာ
ငါ့မှာ လွတ်မြောက်ခြင်းကို လိုလားခဲ့တာ

commentinfo By: ဒေါ်ရွှေအ at Oct 17, 2011
Comment #3

nice

commentinfo By: ei lay at Mar 4, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment