Professional Authors

အောက်ပါအဖြေတို့ မှမေးခွန်းထင်သည်ကိုရွေးပါ (terry)

လမ်းလျှောက်တာချင်းအတူတူတောင်ဝတ်စုံပြည့်နဲ့ လူဆိုပိုမှတ်မိလွယ်တယ်…ဆေးဆိုးပန်းရိုက်တွေကြားမှာ အဖြူရောင်ဟာမျက်နာငယ်သွားရတာများတယ်…..အပြုံးချင်းအတူတူ ကြည့်ပုံချင်းလွဲသွားတယ်..ပြောရမလား။
ကျွန်တော်ကတော့ အချဉ်ပေါက်နေတဲ့ စိတ်ကို ရိုက်ခွဲဖို့ ထုတ်လိုက်တယ်။

ပတ်ကြားအက်မြေကွက်လပ်တွေကြား
တစ်စိတ်ထဲကမွေးတဲ့
အသက်ရှုသံခြင်း
နားလည်မှုလွဲနေလိုက်ပုံက
မဖြစ်ရသေးတဲ့မြစ်တောင်ခမ်းတယ်
အငြင်းပွားစရာပဲ…………….
သူများကိုမြင်တယ်။
အငြင်းပွားစရာပဲ…………….
အခွင့်အရေးကိုမြင်တယ်။
အငြင်းပွားစရာပဲ…………….
ကြီးမယ့်ငါးကိုမြင်တယ်။
မြင်တာကိုမြင်တယ်။
တစ်ခုပဲ
ကိုယ့်ကိုကိုယ်မမြင်တာတော့
မငြင်းကြပါနဲ့ ။
မမြင်ဖူးရုံနဲ့ 
မူးကမြစ်ဖြစ်သွားရောလား
တွဲဖက်မစားသင့်တဲ့
ဓာတ်စာတွေအကြောင်း
စဉ်းစားတော့……
ညပီသအောင် မှောင်ပြရတာမျိုးကိုမုန်းတယ်
ကြယ်ပီသအောင် ချွေခြပြရတာမျိုးကိုမုန်းတယ်
ပုစ္စာပီသအောင် မျက်ခုံးပင့်ပြရတာမျိုးကိုမုန်းတယ်
လေ့လာပါ…
စဉ်းစားပါ…
ဆုံးဖြတ်ပါ…
လိုအပ်ချက်ရှိရင်
အားသွင်းပြီးမှဆက်တွေးပါ
ပန်းတိုင်လို့ မှမပြောရသေးဘူး
လမ်းကကြိုရောက်နှင့်ပြီဆိုတော့
အဖြေတစ်ခုပေးမယ်
မေးခွန်းဆုံးမှ ထပြန်ပါ။

ရုပ်မရှိတဲ့သူဟာ
ကိုယ်ပျောက်တတ်ပါသလား။

                                     
                                               terry(15.11.2011)2;00am
                                                     [email protected]

In: ကဗျာ Posted By: Date: Dec 3, 2011
Comment #1

စိတ်မရှိတဲ့သူ ကော် ကိုယ်ထင်ပါရဲ့လား…။

commentinfo By: SoFarAwayFromU at Dec 3, 2011
Comment #2

ညပီသအောင် မှောင်ပြရတာမျိုးကိုမုန်းတယ်
ကြယ်ပီသအောင် ချွေခြပြရတာမျိုးကိုမုန်းတယ်
ပုစ္စာပီသအောင် မျက်ခုံးပင့်ပြရတာမျိုးကိုမုန်းတယ်
ဒီစကားလုံးတွေကို အသေအလဲ ခိုက်တယ်။ ငါ့ညီ စကားနဲ့ ပြန်ပြောရရင်တော့ လန်းချက်က ၉ လောက်ရှိတယ်။

commentinfo By: ChIr0N at Dec 3, 2011
Comment #3

လုလင် လည်း အားပေးသွားပါတယ်

Comment #4

အငြင်းပွားစရာပဲ…………….
သူများကိုမြင်တယ်။
အငြင်းပွားစရာပဲ…………….
အခွင့်အရေးကိုမြင်တယ်။
အငြင်းပွားစရာပဲ…………….
ကြီးမယ့်ငါးကိုမြင်တယ်။
မြင်တာကိုမြင်တယ်။
တစ်ခုပဲ
ကိုယ့်ကိုကိုယ်မမြင်တာတော့
မငြင်းကြပါနဲ့ ။
မမြင်ဖူးရုံနဲ့ 
မူးကမြစ်ဖြစ်သွားရောလား
တွဲဖက်မစားသင့်တဲ့
ဓာတ်စာတွေအကြောင်း
စဉ်းစားတော့……
ညပီသအောင် မှောင်ပြရတာမျိုးကိုမုန်းတယ်
ကြယ်ပီသအောင် ချွေခြပြရတာမျိုးကိုမုန်းတယ်
ပုစ္စာပီသအောင် မျက်ခုံးပင့်ပြရတာမျိုးကိုမုန်းတယ်
လေ့လာပါ…
စဉ်းစားပါ…
ဆုံးဖြတ်ပါ…
လိုအပ်ချက်ရှိရင်
အားသွင်းပြီးမှဆက်တွေးပါ
ပန်းတိုင်လို့ မှမပြောရသေးဘူး
လမ်းကကြိုရောက်နှင့်ပြီဆိုတော့
အဖြေတစ်ခုပေးမယ်
မေးခွန်းဆုံးမှ ထပြန်ပါ။

ရုပ်မရှိတဲ့သူဟာ
ကိုယ်ပျောက်တတ်ပါသလား။
လေးစားလျှက်ပါ.တယ်ရီလေးးးး
အရမ်းကောင်းပါတယ်………….~~~~.~~ရုပ်မရှိတဲ့သူဟာ
ကိုယ်ပျောက်တတ်ပါသလား။~~~~~~~~~~~~

commentinfo By: sharon myorr myor at Dec 3, 2011
Comment #5

ညပီသအောင် မှောင်ပြရတာမျိုးကိုမုန်းတယ်
ကြယ်ပီသအောင် ချွေခြပြရတာမျိုးကိုမုန်းတယ်
ပုစ္စာပီသအောင် မျက်ခုံးပင့်ပြရတာမျိုးကိုမုန်းတယ်
..အရမ်းမိုက်တယ်ဗျာ…ဘဘကြီးတို့ကတော့ လက်ကောင်းပါ့

commentinfo By: အသဲကွဲမိုး at Dec 3, 2011
Comment #6

အားလုံးသော အားဆေးတွေအတွက်
ကျေးဇူးတင်ချက်က 9 လောက်ရှိပါတယ်….ဗျာ 😀

commentinfo By: terry at Dec 7, 2011
Comment #7

နားလည်မှုလွဲနေလိုက်ပုံက
မဖြစ်ရသေးတဲ့မြစ်တောင်ခမ်းတယ်
အငြင်းပွားစရာပဲ…………….
သူများကိုမြင်တယ်။
အငြင်းပွားစရာပဲ…………….
အခွင့်အရေးကိုမြင်တယ်။
အငြင်းပွားစရာပဲ…………….
ကြီးမယ့်ငါးကိုမြင်တယ်။
မြင်တာကိုမြင်တယ်။
တစ်ခုပဲ
ကိုယ့်ကိုကိုယ်မမြင်တာတော့
မငြင်းကြပါနဲ့ ။

commentinfo By: kaungzaw at Dec 8, 2011
Comment #8

ကိုယ့် ကို ကို မြင်အောင်.. မှန်ကြည့် မိတိုင်း …. သူများတွေပါ …. ပျောက်သွားတတ်လို့ ……..?
ကြိုက်တယ်….အားပေးသွားတယ်…

commentinfo By: kyawnewun at Dec 9, 2011
Comment #9

ကိုတယ်ရီ ကောင်းတယ်ဗျာ 🙂 မရောက်ဖြစ်တာကြာလို. ခုမှ ၀င်ကြည်.တာ ၀င်ကြည်.လိုက်တိုင်း အားရစရာတွေပါပဲ

commentinfo By: ridd at Dec 12, 2011
Comment #10

တွဲဖက်မစားသင့်တဲ့
ဓာတ်စာတွေအကြောင်း
စဉ်းစားတော့……
ညပီသအောင် မှောင်ပြရတာမျိုးကိုမုန်းတယ်
ကြယ်ပီသအောင် ချွေခြပြရတာမျိုးကိုမုန်းတယ်

အားပေးပါတယ် အကို

commentinfo By: ngewaithuaung at Dec 18, 2011
Comment #11

ပန်းတိုင်လို့ မှမပြောရသေးဘူး
လမ်းကကြိုရောက်နှင့်ပြီဆိုတော့
အဖြေတစ်ခုပေးမယ်
မေးခွန်းဆုံးမှ ထပြန်ပါ..။
အ၇မ်းကောင်းတယ်…။

commentinfo By: စုနိုင် at Dec 20, 2011
Comment #12

Mike de

commentinfo By: ei lay at Oct 28, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment