Professional Authors

မေးခွန်းဖြင့်လေလွှင့်တိမ်

“ရင့်ကျက်မှု” ဆိုတာ
ရိုက်ပုတ်တဲ့ဒဏ်တွေအံကြိတ်ခံရင်း
ကျော်ဖြတ်ပြီးမှ ရလာတဲ့ ဆုလာဘ် တစ်ပါးပါ။
လူတိုင်း ဘယ်မှာ ရင့်ကျက်တည်ငြိမ်နိုင်ပါ့မလဲ ?

“အေးစက်မှု” ဆိုတာ
လှောင်ရယ်သံတွေနားမဆန့်အောင်ကြားပြီးမှ
ခါးသီးသွားတဲ့ ပြယုဂ်တစ်ခုပါ။
လူတိုင်း ဘာ့ကြောင့် အေးစက်နေကြမှာလဲ?

“အောင်မြင်မှု” ဆိုတာ
လက်ခုပ်သံတွေနဲ့ တူတူ လိုက်ကပြီးမှ
တရားဧ။် မတရားဧ။် ဆုံးဖြတ်ရတာမျိုးပါ။
လူတိုင်း ဘာ့ကြောင့် မအောင်မြင်ကြတာလဲ?

“ဖန်တီးမှု” ဆိုတာ
အနုပညာဆန်တဲ့ ရသတစ်ခုမို့
ခံစားတတ်တဲ့ နှလုံးသားရှိရုံနဲ့
တီထွင်မှုပြောင်မြောက်တတ်တာမျိုးပါ။
ကောင်းမွန်ထိရောက်တဲ့ ဖန်တီးမှုရသကို
အညတရ လည်း တတ်နိုင်တယ်
သမ္မတ လည်း လုပ်နိုင်မယ် ဆိုတာ
လူတိုင်း ဘာကြောင့် လက်မခံနိုင်ရတာလဲ ?

လေးစားစွာ
by HM
❤ Poems ❤ Also join @–►www.facebook.com/maychitkhinpoems

In: ကဗျာ Posted By: Date: Aug 29, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment