Professional Authors

အောက်ပါအဖြေများအတွက်မေးပါ

ဆရာဝန်ကသတိပေးတယ်..ခင်ဗျားအသည်းတွေကျုံ့နေပြီတဲ့
ဟုတ်တာပေါ့ ဆရာရယ်..
ကွဲပါများတဲ့အသည်း..နောက်ဆိုအမှုန့်တောင်ဖြစ်ဦးမယ်။

ဗေဒင်ဆရာကဟောတယ်..နှလုံးလမ်းကြောင်းမသဲကွဲဘူးတဲ့
ဟုတ်တယ်ဆရာ..
နောက်ဆို လမ်းကြောင်းတောင်ရှိချင်မှရှိတော့မှာ။

သူငယ်ချင်းကပြောတယ်..မင်းမိန်းမမယူတော့ဘူးလားတဲ့
ဒီလိုရှိတယ်သူငယ်ချင်း..
မိန်းမယူရအောင် ဘယ်သူကမိန်းမလာပေးနေလို့လဲ။

ရင်ခုန်ဖူးတဲ့ ကောင်မလေးကစာရေးတယ်..စိတ်မကောင်းပါဘူးတဲ့
ရပါတယ်..
တောင်းပန်ခြင်းဆိုတာ ငြင်းဆန်ခြင်းတစ်မျိုးလို့ နားလည်ပြီးသား။

ကိုယ့်ကိုယ်ကိုယ်မေးမိတယ် ..မင်းဘာလိုချင်ခဲ့တာလဲ
ဟုတ်တယ်၊ ကျွန်တော်ဘာလိုချင်ခဲ့တာလဲ..
မရနိုင်တာတွေကိုလား၊ မဖြစ်နိုင်တာတွေကိုလား ။ ။

ဆိုက်ပရပ်စ်လင်း ၂၀၁၃
https://www.facebook.com/cyprus.linn
[email protected]

In: ကဗျာ Posted By: Date: Aug 22, 2013
Comment #1

*-*

commentinfo By: ei lay at Aug 25, 2013
Comment #2

oMgggggg!

commentinfo By: shwezinmyatno at Aug 26, 2013
Comment #3

မရှိတာတွေကို…..

commentinfo By: လေပွေ at Aug 27, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment