Professional Authors

*ငါကျေနပ်ပါတယ်*

ငါကျေနပ်ပါတယ်ဟာ….
နင်ကငါ့ဘ၀ရဲ့ပဲ့ကိုင်ရှင်ပါ
ဘာတွေဖြစ်နေပါစေ…..
နင့်ကိုချစ်တဲ့ငါ့အချစ်တွေက
ထာဝစဉ်ရှင်သန်နေမှာပါ….
တစ်ချိန်မှာနင်ပစ်သွားခဲ့ရင်တောင်
ရင်နာနာနဲ့ပဲ……
လက်လွှတ်ပေးလိုက်မှာပါ
ဘာဖြစ်လို့လည်းဆိုတော့
ငါချစ်တဲ့နင့်ကို
ပျော်နေတာပဲမြင်ချင်လို့ပေါ့……
ဆုံးဖြတ်ပါ….
ကြိုက်သလိုသာဆုံးဖြတ်ပါ……
နင်ကောင်းစားဖို့ဆို
ငါ့တစ်ဘ၀လုံးကို
နင့်ခြေထောက် နဲ့နင်းချေပစ်လိုက်စမ်းပါ….
ကျေကျေနပ်နပ်ကြီးနဲ့
အနင်းခံမယ့်သူပါဟာ….
ဒါပေမယ့်နင့်ကိုချစ်တဲ့
ငါ့အချစ်တွေကိုတော့နင်းမချေသွားပါနဲ့…..
ဒါလေးတစ်ခုတော့
တောင်းပန်ပါရစေ…..
ကျေနပ်ပါတယ်….
နင်ဆုံးဖြတ်တဲ့ကိစ္စတိုင်းကိုပေါ့……

In: ကဗျာ Posted By: Date: Apr 9, 2011
Comment #1

“ဒါပေမယ့်နင့်ကိုချစ်တဲ့
ငါ့အချစ်တွေကိုတော့နင်းမချေသွားပါနဲ့…..
ဒါလေးတစ်ခုတော့
တောင်းပန်ပါရစေ…..
ကျေနပ်ပါတယ်….
နင်ဆုံးဖြတ်တဲ့ကိစ္စတိုင်းကိုပေါ့……”
အရမ်းကောင်းတဲ့စာသားလေးပါ….။

commentinfo By: ကေသရီ at Apr 9, 2011
Comment #2

ကျေးဇူးပါဗျာ….
ဒီကဗျာလေးကရင်နဲ့ရင်းပြီးရေးထားရတာ…
ကျေးဇူးပါအားပေးတဲ့အတွက်ပေါ့

commentinfo By: WaiGyi at Apr 9, 2011
Comment #3

ကောင်းလိုက်တာဗျာ..စာလုံးတွေက.
ဒါပေမယ့်နင့်ကိုချစ်တဲ့
ငါ့အချစ်တွေကိုတော့နင်းမချေသွားပါနဲ့…..
ဒါလေးတစ်ခုတော့
တောင်းပန်ပါရစေ…..

commentinfo By: genius.jinx28 at Apr 9, 2011
Comment #4

ကျေးဇူး(ကမ္ဘာ)

commentinfo By: WaiGyi at Apr 9, 2011
Comment #5

ngar kyay nat par de.
ngar kyay nat par de.
hgar kyay nat par de.
a yan,,,.a yan,,,,a yan,,,a yan g ko kyike par d,

commentinfo By: ei lay at Nov 25, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment