Professional Authors

လောဘရမက်နဲ့ ပန်းအဝင်

အဆုံးအစမဲ့ အနာဂါတ်
မျှော်လင့်ခြင်းတွေက မိုးထိမြင့်မား
အောင်မြင်မှုတွေက တောင်တန်းများကျော်လွှား
ရည်မှန်းချက်တွေက လှိုင်းထက်လေကြမ်း
ဘဝလောကဓံ ခရီးများဖြတ်ကူး
ကံကြမ္မာတွေက ဆူးငြောင့်ပြည့်လျှံ
စည်းစိမ်း ကန္တာရစိန်တွင်း
ခရီးရောက်မှ လောဘ ရမက်နဲ့
နောက်ပြန်လှည့်ကြည့်
အလို………..
လျှောက်လှမ်းလာတဲ့ ခရီး
သေတွင်းနီးလို့
အမှားကြီး မှားခဲ့လေသလား…။

တက္ကသိုလ်မြတ်မင်း

In: ကဗျာ Posted By: Date: Dec 1, 2011
Comment #1

ကောင်းလိုက်တဲ့ကဗျာ…
ဒါနဲ့ …အချစ်ကြောင်းလေးတွေ မရေးဘူးလားဗျ

commentinfo By: yaewintaung at Dec 1, 2011
Comment #2

ကျွန်တော် နောက်ပိုင်းမှာ ရေးဖို့ အစီစဉ်ရှိပါတယ် ခင်ဗျာ..

Leave Comments

Name*

Email*
Website
Email me whenever there is new comment