Professional Authors

အကြောင်းပြချက် နောက်ကွယ်က လမ်း

 

အပေါ်ယံက နားဝင်ချိုချိုနဲ့
“ကျွန်တော် အကောင်းဆုံး ကြိုးစားခဲ့တာပါ..။”

ဒါပေမဲ့…
 ဖြစ်မလာသေးတော့ လုပ်သမျှတွေက
ဂယက်ရိုက်နေတယ်ဆိုတဲ့ အကြောင်းပြချက်ထက်
လက်ရှိ ကိစ္စကို အများအကျိုးအတွက် ဖြေရှင်းပေးလိုက်ပါ…။

ကိုယ် ကောင်းချင်တာနဲ့ သူတစ်ပါးရဲ့ ဘဝတွေကို
 လှေခါးပမာ ထင်ပြီး နင်းတတ်ဖို့ ဘယ်တော့မှ မကြိုးစားပါနဲ့…။

ကိုယ်လျှောက်လှမ်းသော လမ်းဟာ
ကိုယ်အတွက်တော့ အသစ်ဖြစ်နေပေမဲ့
 ရှေ့က လျှောက်လှမ်းသွားတဲ့ သူတွေ ရှိပြီးသားပါ..။

ဒီလမ်းဟာ ကိုယ်တစ်ယောက်တည်း
 လျှောက်လှမ်းတဲ့ လမ်း မဟုတ်ပါဘူး။
သူများတွေလည်း လျှောက်လှမ်းခဲ့တဲ့ လမ်းတစ်ခုပါ…။

လမ်းဟောင်းတိုင်း ပြန်လျှောက်ချင်တဲ့
ဆန္ဒပေါ်လာရင် မသိစိတ်က မောင်းထုတ်လိုက်ပါ…။
တကယ်လိုချင်တဲ့ လမ်းမှန်ဆိုတာ အများလက်ခံတဲ့ အရာတွေပါပဲ…။

တက္ကသိုလ်မြတ်မင်း
www.venpunnavamsa2.com
တက္ကသိုလ်မြတ်မင်း ဝက်ဆိုဒ်မှ ကြိုဆိုလျက်ပါ

 

In: ကဗျာ Posted By: Date: Jan 13, 2013
Comment #1

Right

commentinfo By: ei lay at Jan 13, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment