Professional Authors

ကဗျာထဲက ငါ့ကဗျာသမိုင်း

ငါတို့လျှောက်လှမ်းလာတဲ့ ဘဝသမိုင်းတွေထဲ
ငါတို့ကိုယ်တိုင် သမိုင်းတစ်ပုဒ်ထုတ်ဝေရင်း
ငါတို့ကျက်မှတ်ခဲ့တဲ့ စာပေပုရပိုရ်တွေက
ငါတို့ကို ရောင်ပြန်ဟတ်သလို
အစားထိုးခံလိုက်ရတဲ့ ညနက်သန်းခေါင်းယံမှာ
စိတ်ကြိုက်စာတွေ စီကုံးရေးသားရင်း
ကျည်ဆန်ရထားတစ်စီး ဝီးခနဲ့ထွက်သွားတဲ့
အာကာသလွန်းပျံယာဉ်လို အမြန်နှုန်းထားတွေနဲ့
ငါရင်ဘလောင်ဆူဟတ်လို့ ငါရေးသားတဲ့
ကဗျာတွေ စာတွေတောင် ငါ့ကို ပြန်ဖတ်ရင်း
လောင်ပြောင်တိုက်ခိုက်တဲ့ အီရတ်စစ်မြေပြင်လို
လဟာပြင်နဲ့ လူသတ်ကွင်းဖြစ်ခဲ့…
နောက်တစ်ရက်ရောက်လာတော့ အာဒန် အေဝ
ချစ်သမိုင်းလွင်ပြင်ကို ဧည့်သည်တော် မိုးဇတ်နဲ့
အလည်ရောက်ခဲ့…
သို့သော် မနေ့က ဖြစ်ခဲ့တဲ့ မိုဟာမတ်နယ်မြေ
စစ်မြေပြင်ဟာ ဒီနေ့တော့ အာဏာရှင်
ဆာဒန်ဟူစိန်ုတို့ အိုစမာဘင်လာဒင်တို့
ပျောက်ဆုံးတဲ့နေ့ အထိမ်းမှတ်ပေါ့….

အဲဒီနေ့က
အမှန်တရားတွေ အရောင်ဟတ်လို့
အေသင်းအပြေးသမားသမိုင်းတောင် အိုဟောင်းခဲ့ပြီ
ဂရိအတွေးခေါ်ပညာရှင်တွေလည်း သမိုင်းထဲမှာ အိပ်ပျော်သွားခဲ့ပြီ
ပလေတို အိုင်းစတိုင်းလ် နယူးတန် အယ်ဒီဆင်တို့လည်း
ကမ္ဘာ့စာမျက်နှာထဲ သမိုင်းဖြစ်ခဲ့ပြီ
ငါတို့လည်း ဒီကနေ့ခေတ်ကြီးထဲ ရာစုနှစ်အသစ်တွေနဲ့
ဖြတ်သန်းခရီးဆက်ရင်း အတိတ်မျက်နှာပြင်မှာ
ကဗျာတွေရေးသားလို့ မနေ့ညက ငါကို ကဗျာတစ်ပုဒ်က
ငါ့ကို စာဖတ်သွားခဲ့တာ သမိုင်းတစ်ပုဒ်ဖြစ်ခဲ့ပြီလေ…။

တက္ကသိုလ်မြတ်မင်း

In: ကဗျာ Posted By: Date: Nov 1, 2011
Comment #1

အားပေးသွားပါတယ်……….

commentinfo By: May Kha at Nov 1, 2011
Comment #2

mike de.
mike de.
mike de.

commentinfo By: ei lay at Nov 8, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment