Professional Authors

အဆုံးထိ (သို့) Blue And Night

အဆုံးထိ (သို့) Blue And Night

ထိုညက_

သူမ….

ကျောရိုး ဆစ်တွေ

ပြုတ် ထွက် သွား မ လား

စိုး ရိမ် စွာ ကြည့် နေ မိ တယ်

အပြာရောင် အလင်းလေးတွေ

ဖြန့်ခင်းထားတဲ့ …. ည

ပင့်သတ်ရှိုက်သံတွေ

လှိုက်လဲတဲ့

တောင်းတမှုတွေ

ရူးသွပ်စွာ

မြည်တမ်းမှုတွေကြားမှ

ခဏခဏ

သက်ပြင်းတွေချ မိတယ်….

စားသုံးနေရင်း

ဆာလောင်မှုတွေက

အရှိန်တတ်နေတယ်

ရူးသွပ်ခြင်း ဟု

သတ်မှတ်ကျတဲ့

စွဲလမ်းမှု အရသာ…

ဆက်ခါခက်ခါ

မက်မောမိတဲ့

ချွေးတွေလောင်းထားတဲ့

အခန်းတစ်ခုရဲ့ သန်းခေါင်ယံ

ပျော်တယ် မောတယ် နွမ်းတယ်

အော်နေရင်းနဲ့

နှစ်ဦး စလုံး

အဆုံးထိ

ရူးသွားတယ်

                 လူသစ်

In: ကဗျာ Posted By: Date: Nov 30, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment