Professional Authors

လွမ်းတယ်မေမေ

မေမေ
မိုးရွာလို့ မိုးမလုံတဲ့မေမေ့အိမ်လေးကိုလဲလွမ်းတယ်
နေမကောင်းဖြစ်တိုင်းသားတို့ရဲ့ နှဖူးလေးကိုစမ်းတဲ့မေမေ့လက်ဝါးလေးကိုလဲလွမ်းတယ်၊၊
အမှားတစ်ခုခုလုပ်မိတိုင်းတံခါးရွက်နောက်ကထောင်ထားတဲ့မေ
မေ့ လက်စွဲတော် ကြိမ်လုံးလေးကိုလဲလွမ်းတယ် ကျောင်းသွားရင်မေမေပေးတဲ့မုန့် ဖိုး (အကြွေစေ့ )
လေးတွေကိုလဲလွမ်းတယ်
မေမေ့ ရဲ့ ပဲပြုတ်နဲ့ထမင်းကြမ်းကိုလဲလွမ်းတယ်
အသံစာစာလေးနဲ့မနက်စောစော အော်တဲ့ ဟော ဒီ့ ကပဲပြုတ်ဆို တဲ့အသံလေးလဲလွမ်းတယ် …
လွမ်းတယ်မေမေ……..

In: ကဗျာ Posted By: Date: May 29, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment