Professional Authors

စောင်းတလက်၏ အိပ်မက်မဲ့ခြင်း (night^ )

မေ့ပျောက်ခြင်း လင်္ကာဟာ
တမ်းတခြင်း မာတိကာနဲ့ …
အဘယ်ကြောင့် စပါသလဲ

ပစ္စုပ္ပန်ရဲ့ အနောက်…
ချစ်ရသူ တယောက်ကို
မေ့ပျောက်ဖို့ ကြိုးစားလိုက်ရင်
ငါဟာ …
မိုင်ပေါင်းများစွာသို့
ဝေးကွာလွင့်စင် …

ငါ့ရင်ခွင်မှာ ပိုက်တဲ့စောင်း
ချစ်ခြင်းဆိုတဲ့ …
အဟောင်းဆိုင်မှာတောင်
ရောင်း မကောင်းတော့ …

ချစ်သူရယ်
ဒီလိုမှန်းသိခဲ့ရင် …
အိပ်မက်တွေ ပယ်ဆစ်လို့
မင်းကို ငါ ချစ်ခဲ့တယ်

night^

In: ကဗျာ Posted By: Date: May 25, 2010
Comment #1

mite mite ~

commentinfo By: Kitty Yang at Jul 14, 2010
Comment #2

အသဲကွဲဘူးတယ်ထင်တယ်
အဲဒါကြောင့်စာသားတွေလန်ထွက်နေတာ

commentinfo By: ဖြိုး at Oct 2, 2010
Comment #3

သပ်ရပ်လှချည်လား…………တကယ်ပါ မိုက်တယ်ကွာ…လန်းတယ်

commentinfo By: thirivampire at May 2, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment