Professional Authors

တိတ်ဆိတ်စွာ ပွင့်အာခြင်း (night^)

ဖြူဆွတ်မှုန်ပြသော
နှလုံးသား တစ …
ရူးမိုက်ခြင်းများစွာနဲ့
လက်နက်ချလိုက်ပါရဲ့

ရိုးသားစွာ
ခစားလာတဲ့ သုံ့ …
နေကွယ်သော တောင်စွယ်နဲ့
မတုန့်ပြန်ရဘူးလို့
ဘယ်သူက ပြောဖူးပါသလဲ

နေမဝင်ကကြိုးများနဲ့
အောင်သေအောင်သား …
သောက်စား သွားတော့ ချစ်သူရယ်

ခေါင်းကျကျ …
ပန်းကျကျ …
ငါက သေရမယ့် ကောင်ပဲ

ချစ်တယ်ဆိုတဲ့ စကား
မင်းကို …
အဝေးဆုံးသို့ ပြေးထွက်သွားစေမယ်ဆိုရင်

ခေါင်းငုံ ခေါင်းခါ
ငါဟာ …
ဘယ်နှခါ ရှုံးနိမ့်ရပါမလဲ

ဒီလိုနဲ့ပဲ …
စကားလုံးတို့ အပြိုင်းအရိုင်းနဲ့
ငါရဲ့ ပန်းပျိုးတိုင်းပြည် …
တိတ်ဆိတ်ခြင်း တပွင့်သာ
ပွင့်အာခဲ့ပြန်ပြီ

night^

In: ကဗျာ Posted By: Date: May 25, 2010  
Comment #1

ဘာ တွေ များ အာ ခဲ့  ဘာ သ လဲ ဟင် ..

commentinfo By: f3r at May 25, 2010
Comment #2

ညီမလေးရေ …
ပြောချင်တဲ့ စကားလုံးများသာ များများလာခဲ့
မပြောဖြစ်ခဲ့ဘူး

နားထောင်ချင်တဲ့သူ အသင့်ရှိနေလျှက်နဲ့
ပြောခွင့်ဆိုတာ ဘယ်တော့ရောက်လာမှာလဲ

commentinfo By: htetminpaing09 at May 31, 2010
Comment #3

ဒီလိုနဲ့ပဲ …
စကားလုံးတို့ အပြိုင်းအရိုင်းနဲ့
ငါရဲ့ ပန်းပျိုးတိုင်းပြည် …
တိတ်ဆိတ်ခြင်း တပွင့်သာ
ပွင့်အာခဲ့ပြန်ပြီ

င်တော်တော်အရေးအသားကောင်းတဲ့ ကဗျာဆရာပါဘဲလား..။ လေးစားပါတယ်ရှင်

commentinfo By: sawkaythwe at Dec 24, 2012
Comment #4

အရမ်းကြိုက်တယ်

commentinfo By: 13th at Mar 20, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment