Professional Authors

သူမရယ် . . . . ကျွန်တော်ရယ် . . . .

ကမ္ဘာတုန်ဟီး အောင်
အလွမ်း နဲ့ ကြေးစည်ထုခဲ့တယ်
တကယ်တမ်းခွဲခွာ ခဲ့ရတော့ . . . .

နောက်ကျော ကပ်နေတဲ့ ကံကြမ္မာဆိုး
မိုးကြိုးပစ်ချခဲ့တာပဲ ရှိတယ်
စက္ကူလှေကလေး ရေထဲနစ်သွားတော့ . . . .

သုညကပွဲတစ်ခု
ရင် နဲ့ ရင်းထားခဲ့သူ ကျွန်တော်
ယုန်မလေးရဲ့ လက်ကိုညင်သာစွာ ကိုင်ခဲ့ရုံပါ . . . .

မငိုတတ်သူ
ကောင်းကင် ကို ချစ်ခဲ့ခြင်းက
သူ့အပေါ်မိုးသည်းခဲ့ ရုံသာ . . . .

သြော် . . . .
ပယင်းရောင် အသွားနဲ့
အကြင်နာတရားတွေ သေဆုံးဖို့
မာရ်နတ်ဟာ နူးညံ့ခဲ့လေသလား . . . . ။

In: ကဗျာ Posted By: Date: May 18, 2010  
Comment #1

သုညကပွဲတစ်ခု
ရင် နဲ့ ရင်းထားခဲ့သူ ကျွန်တော်
ယုန်မလေးရဲ့ လက်ကိုညင်သာစွာ ကိုင်ခဲ့ရုံပါ . . . .
ကောင်းတယ်ဗျာ …

Leave Comments

Name*

Email*
Website
Email me whenever there is new comment