Professional Authors

သူကျွန်တော့်ကို ဘယ်တော့မှ မမုန်းပါစေနဲ့…………….

ခင်ဗျားမဟုတ်သောအခြားတစ်ယောက်သာ ကြယ်တစ်စင်းဆို……….

ခင်ဗျားက လမင်းပါမမ။

ထွန်းလင်းပုံခြင်းကွားခြားလွန်းလှပါရဲ့။

ကျွန်တော့်ကမ္ဘာမှာ ခင်ဗျားပျောက်ကွယ်နေခဲ့တုန်းက

ကြယ်တစ်စင်းကလမ်းပြခဲ့ဖူးတယ်။

ကျွန်တော့်ရင်ထဲမှာ…….လမင်းကိုတမ်းတတဲ့စိတ်နဲ့

အိပ်မရတဲ့ညတွေသာများလာခဲ့တယ်

အဲဒီကြယ်အလင်းနဲ့တော့ လုံးဝမထွန်းလင်းခဲ့ဖူးဘူး။

 

ခင်ဗျားနဲ့အတူ………………..မာတင်လူသာကင်းကို ……..စွဲလမ်းခဲ့

ခင်ဗျားနဲ့အတူ………………..ကြက်သောက်စမ်းကို…………စွဲလမ်းခဲ့

ခင်ဗျားနဲ့အတူ……………….အရစ္စတိုတယ်ကို ………….စွဲလမ်းခဲ့

ခင်ဗျားနဲ့အတူ………………Dear John ကို………..စွဲလမ်းခဲ့

ခင်ဗျားနဲ့အတူ………….Pure Coffee ကို ………..စွဲလမ်းခဲ့

ခင်ဗျားနဲ့အတူ…………..Right Here Waiting For You ကို……….စွဲလမ်းခဲ့

ခင်ဗျားနဲ့အတူ…………ရခိုင်စာ ရခိုင်စကားတွေကို………စွဲလမ်းခဲ့

ခင်ဗျားနဲ့အတူ………….Miley Cyrus ကို ………..စွဲလမ်းခဲ့

ဘာမဆို ……….. ခင်ဗျားနဲ့အတူ ရင်ထဲကိုရောက်လာခဲ့တာတွေချည်းပါပဲ။

 

ကျွန်တော့်အတွက်ဆို……….

ခင်ဗျားနဲ့ထိတွေ့သမျှ ရွှေဖြစ်ခဲ့

ခင်ဗျားလက်ညိုးညွှန်ရာ ရေဖြစ်ခဲ့

ခင်ဗျားဆိုညည်းသမျှ ဂီတဖြစ်ခဲ့

ခင်ဗျားရေးခြစ်သမျှ အနုပညာဖြစ်ခဲ့ပါတယ်

နောက်ဆုံး………..

မျှော်လင့်ချက်ကောက်ရိုးလေးတစ်မျှင်တောင် မမအတွက်နဲ့ အသက်ဆက်ခဲ့ရတာပါ။

 

ခံစားချက်မဲ့တယ်ဆိုတာ အသက်မဲ့တာနဲ့ ဘာကွာခြားပါသလဲမမ

အခုအချိန်အထိ အဲဒီအဖြေကို

ကျွန်တော် ရှာမတွေ့နိုင်သေးလို့ပါ။

မမရေ………

တမ်းတစိတ်လေးတစ်ခုနဲ့ အသက်ဆက်ခဲ့ရတဲ့

မျှော်လင့်ခြင်းကမ်းပါးတွေရဲ့အဆုံးသတ်ဟာ

ဒီထက်တော့ ပိုလှပသင့်တာပေါ့။

 

မလိမ္မာအခါခါမိုက်ခဲ့ဖူးပါရဲ့

ဒါပေမယ့်…….

မင်းခိုက်စိုးစန်ပြောသလို

ကျွန်တော့်ကိုယ်ကျင့်တရားတွေ နေရာအထားအသိုမမှားခဲ့ဘူးမမ

 

ချစ်တယ်လို့ ပြောပါရစေမမ……..

ယုံကြည်ဖို့အတွက်တိုင်တည်နေတာမဟုတ်

လိမ်လည်မုသားစကားမဟုတ်

ပေါ့ပျက်ပျက်ရယ်သွမ်းသွေးဖို့မဟုတ်

နှလုံးသားခြင်းကြားရုံလေး……………

တကယ့်ကိုတိုးတိုးလေးပါမမ…..

ကျေးဇူးပြုပြီး နားစိုက်ထောင်ပေးပါ။

 

ဘ၀မှာ ဘာဖြစ်ချင်ပါတယ်လို့

တခါမှဆုမတောင်းခဲ့ဖူးတာ ဘုရားသိတယ်။

ဒါပေမယ့်………..

မဖြစ်ချင်တာလေးတစ်ခုတော့ ဘုရားထံ

ကျွန်တော် လေးလေးမြတ်မြတ် ဆုပန်ဖူးတယ်

 

” သူ ကျွန်တော့်ကို ဘယ်တော့မှ မမုန်းပါစေနဲ့ “

 

 

ဗီဇ…………(စက်တင်ဘာ ၆, ၂၀၁၂)

In: ကဗျာ Posted By: Date: Nov 9, 2012
Comment #1

မမုန်းပါစေနှင့်လို့ ဆုတောင်းပေးပါတယ် အကိုရေ

commentinfo By: maypyo22889 at Nov 9, 2012
Comment #2

အရမ်းကြိုက် ပါ တယ် … စာသားလေးတွေကို…..။

commentinfo By: saung Hnin Phyu at Nov 9, 2012
Comment #3

🙂
🙂
🙂

commentinfo By: ei lay at Nov 9, 2012
Comment #4

မလိမ္မာအခါခါမိုက်ခဲ့ဖူးပါရဲ့

ဒါပေမယ့်…….

မင်းခိုက်စိုးစန်ပြောသလို

ကျွန်တော့်ကိုယ်ကျင့်တရားတွေ နေရာအထားအသိုမမှားခဲ့ဘူးမမ

commentinfo By: tinmyo at Nov 9, 2012
Comment #5

တကယ်..ခံစားချက်အမှန်တွေကြီးပါပဲလားဗျာ…။အကြိုက်ဆုံးကတော့..ခင်ဗျားနဲ့အတူတူ…
ခင်ဗျားနဲ့အတူတူ….ဘာမဆိုရင်ထဲရောက်လာခဲ့တာချည်းပါပဲ..။အဲဒီအရာတွေကိုပိုခိုက်သွားပါတယ်

commentinfo By: poem.poem28 at Nov 10, 2012
Comment #6

D lout lane nar Dar,taung de Su ne pyay hmar par.

commentinfo By: ei lay at Nov 10, 2012
Comment #7

ကျွန်တော့် ကဗျာတွေကို အချိန်ပေးပြီးဖတ်သွားပေးသော သူငယ်ချင်းများအား

ကျေးဇူးအကြီးကြီးတင်ပါတယ်……….ဗီဇ

commentinfo By: vza at Nov 12, 2012
Comment #8

ဆုတောာင်းပြည့်ပါစေ……

commentinfo By: May Kha at Nov 12, 2012
Comment #9

ကျွန်တော့်အတွက်ဆို……….

ခင်ဗျားနဲ့ထိတွေ့သမျှ ရွှေဖြစ်ခဲ့

ခင်ဗျားလက်ညိုးညွှန်ရာ ရေဖြစ်ခဲ့

ခင်ဗျားဆိုညည်းသမျှ ဂီတဖြစ်ခဲ့

ခင်ဗျားရေးခြစ်သမျှ အနုပညာဖြစ်ခဲ့ပါတယ်

နောက်ဆုံး………..

မျှော်လင့်ချက်ကောက်ရိုးလေးတစ်မျှင်တောင် မမအတွက်နဲ့ အသက်ဆက်ခဲ့ရတာပါ။

commentinfo By: နွေ at Feb 7, 2013
Comment #10

အရမ်းကြိုက်ပါတယ် အစ်ကို
share ခွင့်လည်းပေးစေချင်ပါတယ်
တကယ်မိုက်တယ်ဗျာ…..

commentinfo By: loafer at Feb 7, 2013
Comment #11

“goose.flesh” kapyar lay ka ayan kg lwan lozzzzzzzzzzzz!

commentinfo By: shwezin myatno at May 31, 2013
Comment #12

ကျနော်လည်း dear john ကိုအသေကြိုက်တယ်ဗျ….
ခံစားချက်အပြည့်နဲ့ကဗျာလေးပဲ..ကြိုက်တယ်

commentinfo By: 13th at Jun 1, 2013
Comment #13

ကြိုက်တယ်
အားပေးသွားတယ်

commentinfo By: မေပျို at Jun 1, 2013
Comment #14

ခုလည်း ထပ်ဖတ်မိပြန်ပြီ 😀

commentinfo By: မေပျို at Nov 13, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment