Professional Authors

ကျွန်တော်ရယ် သူတို့ ရယ် စောင့်နေကြတယ်

တဆိတ်လောက် ဖြေပေးပါ …..
ဒီနေရာမှာ ..ကျွန်တော်ကသူ့ အတွက်ရှိနေတာလား
ဒါမှမဟုတ်…သူကကျွန်တော့်အတွက်………………..
 
သူနားဆင်နေတုန်းက ကျွန်တော်ရဲ့ကဗျာတွေ ..
လေထုထဲမှာရှိတယ် ..
ချစ်သူအတွက် ကဗျာရွတ်ဖို့  …အသင့်ရှိပါ့

ချစ်ခြင်းဖွဲ့ ကဗျာတွေများလာတော့…..

သူရိုးအီလာတယ်ထင်ပါ့
ခစားခွင့်မရတဲ့ စာလုံးတွေ ..
စာရွက်တွေထဲ .. အချင်းချင်းဖက်ပြီး
အားပေးကြရပြီပေါ့..

ဥပက္ခာပြုခံရတဲ့အရာတွေ ပြောင်းလဲတတ်ပါတယ်.ချစ်သူ
ဒါပေမယ့် …သူတို့ မပြောင်းလဲခဲ့ဘူး
လွတ်မယ့်ရက်စောင့်နေတဲ့ အကျဉ်းသားလို
မင်းကိုစောင့်နေတုန်းပဲ …..

ငါမပြောရက်ဘူးချစ်သူ….
ဘယ်တော့မှလွတ်မြောက်မှာ မဟုတ်တဲ့အရာတွေ
ရှိနေတာကိုပေါ့………….
ပြီးတော့ သူတို့ နဲ့ ငါအတူရှိနေပါတယ် ချစ်သူ
မင်းမခေါ်မချင်းလေ…..

In: ကဗျာ Posted By: Date: Nov 18, 2012
Comment #1

Wow
Kway twar p

commentinfo By: ei lay at Nov 18, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment