Professional Authors

ကျွန်တော်ရယ် သူရယ် နှင်းဆီပန်းအ၀ါရောင်လေးရယ်

      ဆေးတက္ကသိုလ်(မန္တလေး)

ဆိုင်းဘုတ်ကိုဖတ်မိကတည်းက ရင်ခုန်လာတယ်…ကျွန်တော်ဒီနားကိုရောက်လာစရာအကျောင်းမရှိ…

ကျွန်တော်တက်နေရတဲ့ သွားဘက်ဆိုင်ရာဆေးတက္ကသိုလ်နဲ့ ဆေးတက္ကသိုလ်ဆိုတာ ပြဒါးတစ်လမ်းသံတစ်လမ်း အဝေးကြီးးးးးး

ရောက်လာရတဲ့ကိစ္စက ဒီလို…

ကျွန်တော်သိပ်ချစ်ရတဲ့သူငယ်ချင်းတစ်ယောက်ရှိတယ်…ငယ်ငယ်လေးကတည်းကပေါင်းလာကြတာလေ

ကျွန်တော်တို့က အတွေးအခေါ်ချင်းလဲတူတယ်၊ပေါတာကြောင်တာချင်းလဲတူတယ်ဆိုတော့ တွဲဖြစ်ကြတယ်

ဒီနေ့ သူ သူသိပ်ချစ်တဲ့ကောင်မလေးကို propose လုပ်မယ်…ကောင်မလေးကို ပန်းလေးတစ်ပွင့်ပေးရင်းနဲ့ပေါ့….

ကျွန်တော့်ဆီမှာဘာပန်းပေးရင်ကောင်းမလဲလို့ အကြံလာတောင်းတော့ နှင်းဆီပန်းအ၀ါရောင်လေးပဲပေးလိုက်လို့

အ၀ါနဲ့နှင်းဆီဆိုတာ အချစ်ရဲ့သင်္ကေတပဲ ဆိုပြီး ကျွန်တော်အကြံပေးလိုက်တယ်….

အဲဒါနဲ့ပဲသူနဲ့ကျွန်တော် နှင်းဆီပန်းအ၀ါရောင်လေးသွားဝယ်ကြတယ် ………

 

ဒီနေ့မှ ထူးထူးဆန်းဆန်းကျွန်တော်တို့ မန္တလေးမှာမိုးရွာတယ်ဗျာ…..

တစ်မိုးတွင်းလုံးမျှော်ခဲ့ရသမျှ တိုက်တိုက်ဆိုင်ဆိုင်ဒီနေ့မှရွာတယ်ဗျာ

သည်းကြီးမည်းကြီးပဲ ပြီးတော့ ရုတ်တရက်ကြီးးးး

အရမ်းကို romance ဆန်တဲ့ ပုံပြင်တစ်ပုဒ်ပေါ့

နှင်းဆီပန်းလေးကိုကိုင်ပြီး ကောင်မလေးရှိရာ မန္တလေးဆေးတက္ကသိုလ်ကို ကျွန်တော်တို့ဆိုင်ကယ်တစ်စီးနဲ့သွားခဲ့ကြတယ်

(စကားမစပ်ပြောရဦးမယ် ကျွန်တော့်သူငယ်ချင်းကလဲ ဆေးကျောင်းကပဲ….)

 

ခင်ဗျားတို့စဉ်းစားကြည့်ဗျာ..

မိုးရွာထဲမှာ ပန်းလေးကိုင်ပြီး ချစ်သူကိုပေးရတော့မယ်လူတစ်ယောက်

ဘယ်လောက်များရင်ခုန်ကြည်နူးနေလိမ့်မလဲ………..

အဲ့လိုနဲ့ကျွန်တော်တို့နှစ်ယောက်သား မန္တလေးဆေးတက္ကသိုလ်ရဲ့မြောက်ဘက်ပေါက်ကိုရောက်ခဲ့ကြတယ်

အဲဒီဘက်မှာကောင်မလေးကဆိုင်ကယ်ထားထားတာလေ

ကျောင်းဆင်းချိန်ဆိုင်ကယ်လာယူရင် တခါတည်းလုပ်စရာရှိတာလုပ်မယ်ပေါ့……..

ကျွန်တော်တို့ရောက်တော့ကျောင်းဆင်းပြီ

ကောင်မလေးတော့မလာသေးဘူး

အဲဒါနဲ့ပဲ ကျွန်တော်ကလမ်းဘေးမှာဆိုင်ကယ်ပေါ်ခွပြိးစောင့်နေတယ်

ကျွန်တော့်သူငယ်ချင်းကတော့ ကျောင်းအ၀င်ဝအုတ်ခုံမှာ ထိုင်စောင့်တယ်

နှင်းဆီပန်းအ၀ါလေးရင်မှာပိုက်ထားပြီးတော့ပေါ့…………

 

တော်တော်ကြာတဲ့ထိ ကောင်မလေးထွက်မလာသေးဘူးဗျ…..

ကျွန်တော်တို့လဲမိုးရေထဲမှာ ခိုက်ခိုက်တုန်နေပြီ

ခဏကြာတော့ ကျွန်တော့်သူငယ်ချင်း မတ်တပ်ထရပ်လိုက်တယ်….

ပြီးတော့ ကျွန်တော့်ဘက်လှည့်ပြီး လက်ငါးချောင်းထောင်ပြတယ်…

ကောင်မလေးဘေးမှာသူငယ်ချင်းလေးယောက်ပါလာတယ် အားလုံးပေါင်း ငါးယောက်ပေါ့

သူဘာဆက်လုပ်ရမလဲပေါ့

ကျွန်တော်လဲ လုပ်ကွာဆိုပြီးအားပေးလိုက်တယ်………

သူကျောင်းထဲဝင်သွားတဲ့အချိန်မှာ ကျွန်တော်ရင်တွေတလှပ်လှပ်ခုန်လာတယ်

ကာယကံရှင်ဘယ်လိုနေမယ်မသိဘူး……..

နဲနဲကြာတော့ ကျွန်တော့်မြင်ကွင်းထဲကို ကောင်မလေးလှလှလေးငါးယောက်ရယ်

ကျွန်တော့်သူငယ်ချင်းရယ်ရောက်လာတယ်

ကောင်းခန်းတော့ရောက်ပြီ………

သူဘာဆက်လုပ်မလဲ…

 

ကံကောင်းချင်တော့ ကောင်မလေးသူငယ်ချင်းတွေက မလှမ်းမကမ်းမှာရပ်ကျန်ခဲ့တယ်

ကောင်မလေးကတော့ သူ့ဆိုင်ကယ်ရှိရာတစ်လှမ်းချင်းးးးးးးးး

ကောင်မလေးနောက်မှာ ကျွန်တော့်သူငယ်ချင်း…နှင်းဆီပန်းလေးကိုင်လို့……..

ကျွန်တော်ကကျောင်းအပြင်ဘက်မှာဆိုပေမယ့် သူတို့နဲ့ကျွန်တော်နဲ့တော်တော်နီးတယ်

ကြားမှာရေမြောင်းတစ်ခုရယ် သံပန်းရယ်ပဲခြားထားတယ်

မြင်ကွင်းကတော့ပြတ်ပြတ်သားသားမြင်နေရတယ်

ကောင်မလေးကိုကျွန်တော့်သူငယ်ချင်းကြိုက်မယ်ဆိုလဲကြိုက်လောက်ပါတယ်

အရပ်က 5 ပေ 8 လောက်ရှိမယ်

ဆံပင်ရွှေဝါရောင်လေးနဲ့

ပြေပြစ်တဲ့ပုံစံလေး…….

ကျွန်တော်ရင်ခုန်စွာစောင့်ကြည့်နေတုန်း….

ကျွန်တော့်သူငယ်ချင်းက ရုတ်တရက်ဒူးထောက်ချလိုက်တယ်

ပြီးတော့ကောင်မလေးကိုနှင်းဆီပန်းလေး လှမ်းပေးလိုက်တယ်

ကျွန်တော်ရုတ်တရက်ကြောင်သွားတယ်……

 

ကျောင်းဆင်းချိန်

လူတွေအများကြီး…..

ဒီကောင်မရှက်ဘူးလား

အဲဒီအချိန်မှာကောင်မလေးက ထွက်ပြေးသွားတယ်ဗျ……

ကျွန်တော့်သူငယ်ချင်းကဒူးထောက်လျက်

နှင်းဆီပန်းလေးကိုင်ထားတုန်း……

မိုးတွေကလည်းသည်းနေတုန်းးးးးး

ကျွန်တော်ရင်တွေခုန်လာတယ်

ဘာတွေဆက်ဖြစ်မလဲ…..

 

ခဏကြာတော့ကောင်မလေးသူငယ်ချင်းတစ်ယောက်က

ကောင်မလေးရဲ့ဆိုင်ကယ်ကိုလာယူပေးတယ်

ပြီးတော့ ကောင်မလေးကိုသွားပေးတယ်

ကောင်မလေးလဲဆိုင်ကယ်ကို ကျွန်တော့်ရှေ့ကဖြတ်မောင်းသွားတယ်

အဲဒီကောင်မလေးမြင်ကွင်းက ကွယ်တဲ့အထိ ကျွန်တော်လိုက်ကြည့်တယ်…..

ပြီးတော့ကျွန်တော့်သူငယ်ချင်းကိုလှမ်းကြည့်တယ်

သူ ဒူးထောက်နေတုန်းပဲ….

ပတ်ဝန်းကျင်ကလူတွေလဲ တအံ့တသြနဲ့သူ့ကိုငေးကြည့်နေကြတယ်

အရာရာတိတ်ဆိတ်လို့

ကျွန်တော့်အာရုံထဲမှာ….

ကျွန်တော်ရယ် သူရယ်….ပြီးတော့

ငြင်းပယ်ခြင်းခံလိုက်ရတဲ့ နှင်းဆီပန်းအ၀ါရောင်လေးရယ်

မိုးတွေလဲသည်းနေတုန်းးးးးးးးး

 

ခဏကြာတော့သူထလာတယ်

ကျွန်တော့်ဆီကိုစိတ်ပျက်လက်ပျက်နဲ့တစ်လှမ်းချင်းလျှောက်လာတယ်ဗျ….

သွားပါပြိကွာတဲ့…..

သူ့ရဲ့စကားသံထဲမှာ ၀မ်းနည်းမှုတွေဆွတ်နေတယ်

 

ပြောချင်တာကဗျာ

ခင်ဗျားတို့သာဆိုရင် လူတွေရှေ့မှာ အဲဒီလိုဒူးထောက်ပြီး

အောက်ကျနောက်ကျခံ အရှက်ကွဲခံ သိက္ခာကျခံပြီး

ကိုယ်ချစ်တဲ့ကောင်မလေးကို ပန်းပေးပြိးချစ်ရေးဆိုရဲလား…..

 

ကျွန်တော်ဒီကောင့်ကိုတော်တော်အံ့သြသွားတယ်ဗျ

အရှက်တွေ သိက္ခာတွေ ဘယ်ရောက်ကုန်ပြိလဲ

နောက်ရက်ဘယ်လိုမျက်နှာမျိုးနဲ့ဒိကောင်ကျောင်းသွားမလဲ

လူတွေရဲ့အကြည့်ကိုဘယ်လိုရင်ဆိုင်မလဲ

ကောင်မလေးသူ့ကိုဘယ်လိုမြင်သွားမလဲ

အဲဒီထဲမှာ သူစဉ်းစားတာတစ်ချက်ပဲရှိတယ်

ကောင်မလေးသူ့ကိုဘယ်လိုမြင်သွားမလဲဆိုတာကိုပဲ…

ကျန်တာသူဂရုမစိုက်ဘူး…..

 

ကြောင်တယ်လို့ပဲထင်ချင်ထင်

ကျွန်တော်သူ့ကိုလေးစားတယ်ဗျ

ကျွန်တော်ကိုယ့်ကိုယ်ကိုလဲပြန်မေးကြည့်တယ်

မိန်းမတစ်ယောက်ကို အဲဒီလောက်အောက်ကျခံပြိးချစ်နိုင်မလား….လို့

ကိုယ့်မှာရှိသမျှ မာနတွေ သိက္ခာတွေ အရှက်တရားတွေ အားလုံးကိုရင်းပြီးချစ်ရဲတာ

ကျွန်တော် ၀တ္တုထဲမှာပဲတွေ့ဖူးတယ်……

ကျွန်တော်ဒီကောင့်ကိုတော်တော်လက်လန်သွားတယ်ဗျာ

သူစိတ်ညစ်နေတာကိုအားပေးဖို့ ကျွန်တော့်စကားတွေထွက်မလာဘူး

အံသြခြင်းတွေ… နဲ့ဆွံ့အနေတယ်….

 

ဘာပဲဖြစ်ဖြစ်ဗျာ

ကျွန်တော်သူ့ကိုလေးစားတယ်

သူ့လိုမျိုးကျွန်တော့်ချစ်သူကိုချစ်ရဲတဲ့သတ္တိရှိချင်တယ်

သူ့လိုအားလုံးကိုစွန့်လွှတ်ပြိးချစ်ပြချင်တယ်

နောက်ဆုံးကျွန်တော့်တစ်သက်တာ

အမှတ်တရဖြစ်နေမယ့်အရာက

 

ကျွန်တော်ရယ်… သူရယ်…. နှင်းဆီပန်းအ၀ါရောင်လေးရယ်….

 

မန္တလေးမိုးကတော့ ကျွန်တော်တို့ပြန်တဲ့အထိ

အငြိုးကြီးကြီးနဲ့ရွာနေတုန်းပဲ………

 

မှတ်ချက်။    ။ဒီဇာတ်လမ်းလေးက တကယ့်ဖြစ်ရပ်မှန်ပါ ခုနလေးတင်ကမှ ကြုံတွေ့ခဲ့ရတာ…..

ချစ်သူကို သတ္တိရှိရှိချစ်ရဲတဲ့ ကျွန်တော့်သူငယ်ချင်း ………… ကို ဂုဏ်ပြုလျက်….

 

 

In: ဆောင်းပါး Posted By: Date: Aug 15, 2011
Comment #1

အားးးးးးး
ကောင်းလှချည်းလားဗျာ
လန်ထွက်နေတာပဲ…..ဘာပြောပြော..သူချစ်တဲ့ကောင်မလေးကို
သူအရမ်းချစ်ပါလားဆိုတာ….တစ်ကျောင်းလုံးသိသွားတာပေါ့ဗျာ
အဲဒါကို အဲဒီကောင်မလေးသိသွားမှာပါ။အခုလောက်ဆို သူပြန်စဉ်းစားမိပြီးပျော်နေလောက်မယ်ထင်ပါတယ်။
ကောင်မလေးဖက်ကပြန်ချစ်၊ပြန်ပြီးစိတ်ဝင်စားမယ်ဆိုရင်ပေါ့ဗျာ။အဲလိုမဟုတ်ဘဲဆန့်ကျင်ဖက်ဖြစ်ခဲ့မယ်ဆိုရင်တော့ စိတ်မကောင်းစရာပါပဲ။ကိုလွမ်းနောင်သူငယ်ချင်းအတွက်…..။
ကိုလွမ်းနောင်ဂုဏ်ပြုလည်းဂုဏ်ပြုထိုက်ပါပေတယ်ဗျာ။

commentinfo By: poem.poem28 at Aug 15, 2011
Comment #2

အားပေးသွားပါတယ်…
ဒူးထောက်ချလိုက်တယ်ဆိုတာကတော့ ကိုရီယားကားတွေ ကြည့်လို့ လားမသိ
နည်းနည်း ကြောင်တယ်လို့ ပြောချင်တယ်..
ကျွန်တော် အမြင်ပါ တောင်းပန်ပါတယ်

Comment #3

really?
wow…
so romantic.
i wish he could.,,,,,
a yan mike de.
a yan kyike de.
yin khone sa yar g,,,he,,he,,

but i wonder why she went away.

commentinfo By: ei lay at Aug 15, 2011
Comment #4

အရမ်းချစ်တာပဲနော် .. သူငယ်ချင်းကိုဂုဏ်ပြုသွားပါတယ်ခင်ဗျာ .. 🙂

commentinfo By: chityellusoelay at Aug 15, 2011
Comment #5

ချစ်လို့လုပ်တာပဲ ချစ်ရင် ဘာမဆို စွန့် ၇မှာပဲ…မိန်းကလေးကလဲ နားလည်ပေးပါလိမ့်မယ်…ကိုလွမ်းနောင် သူငယ်ချင်း ကံကောင်းပါစေ

commentinfo By: မယ်မနော at Aug 16, 2011
Comment #6

အားပေးသွားပါတယ်ဗျာ……
အချစ်ဆိုတာ..လူကို…..ပြောင်းလဲစေတတ်ပါတယ်

commentinfo By: အသဲကွဲမိုး at Aug 16, 2011
Comment #7

အဲကောင်မလေး သူကိုပြန်ချစ်ပါစေလို့ ငါဆုတောင်းပေးလိုက်ပါတယ် သူရင်း~~~~

commentinfo By: စန္ဒာဝင်း at Aug 16, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment