Professional Authors

ယဇ်ကောင်

ဂရုတစိုက်ရွတ်ဆိုနေလည်း အဖြစ်အပျက်တွေက အသံထွက်မှားတုန်းပဲ

သစ္စာပန်းပွင့်နိုးနိုးနဲ့ အဆိပ်ပင်ကို နေ့စဉ်ရေလောင်းသလို

ကိုယ့်ကိုကိုယ် သွေးရူးသွေးတန်း ကုတ်ခြစ်နေမိ

ဘာကိုရပ်စောင့်နေမှန်း မသေချာဘဲ

နေပူထဲ အရည်ပျော်နေတဲ့ ကျောက်တုံးတစ်တုံးအဖြစ်

ဒီဘ၀ဒီခန္ဓာအချိတ်အဆက်က ထိထိမိမိ အဓိပ္ပာယ်မဲ့နေရဲ့

အချိန်အခါက မိုးထဲရေထဲ အခြေအနေက သေရေးရှင်ရေး

ကျန်းမာရေးကလည်း နေ့လားညလားဆိုသလို

 ငွေရေးကြေးရေးကလည်း နေ့လားညလားပဲ

ဘ၀ကို အရူးစိတ်နဲ့ဖက်တွယ်မိသမျှ

သဲထဲငါသွန်ချလိုက်မိတဲ့ရေဟာ ငါကိုယ်တိုင်ဖြစ်ခဲ့တယ်

                                                              ကိုသျှား

In: ကဗျာ Posted By: Date: Nov 28, 2011
Comment #1

ဘ၀ကို အရူးစိတ်နဲ့ဖက်တွယ်မိသမျှ

သဲထဲငါသွန်ချလိုက်မိတဲ့ရေဟာ ငါကိုယ်တိုင်ဖြစ်ခဲ့တယ်
ကြိုက်တယ် ဗျာ..
လုလင် အားပေးသွားပါတယ်

Leave Comments

Name*

Email*
Website
Email me whenever there is new comment