Professional Authors

လတ်တလော ရုံတင်ထားတဲ့ဇာတ်လမ်းများ

ဆေးလိပ်မီးခိုးတွေ တဟွတ်ဟွတ်မွှန်ထူနေတဲ့အခန်းထဲ
ရှေ့ရေးနောက်ရေးတွေ
 ခေါင်းထဲ ခွေးလို သံရှည်ဆွဲအူနေတဲ့လူတစ်ယောက်
သေလုမျောပါးလူနာတစ်ယောက်ရဲ့သွေးကြောထဲ
အသက်ကယ်ဆေးတွေ တစ်စက်ချင်း ကျရောက်နေသလို
ရှင်သန်မှုဟာ တဆစ်ဆစ် နာကျင်ကိုက်ခဲနေတယ်
ဆင်ခြင်တုံတရားတွေဆီ ဖုန်းခေါ်ဆိုမရတဲ့နေ့တွေ
မိုးထဲလေထဲ အစွဲအလန်းတွေ သေရေးရှင်ရေးကြုံရ
ချစ်ခြင်းမေတ္တာကြောင့် ခမ်းနားခဲ့ဖူးတဲ့စိတ်ယဉ်ကျေးမှုဟာ
လမ်းမပေါ် ကန့်လန့်ဖြတ် လဲကျခဲ့
ဟောဒီဘ၀ထောင့်ချိုးလေးထဲက
လူသားနှစ်ဦးရဲ့ရှေးရေစက်ကို
ဟောဒီသံသရာအကျယ်ကြီးရဲ့ဆယ်ဘ၀စာလောက်
ဆွဲအခွာခံလိုက်ရသလို
သူနဲ့ကျွန်တော် ဆို့နင့်ဆွံ့အစွာ ဝေးကွာခဲ့ရတယ်
ဘ၀ရဲ့အဖြစ်ဆိုးလှပုံကို
ဘယ်လိုရေးပြရမှန်းမသိတော့တဲ့ဇာတ်သိမ်းခန်းပေါ့
ရွှေငါးလေးရယ်…..
မင်းမရှိတဲ့ငါ့အနာဂတ်ဟာ
လူသူဆိတ်သုဉ်းရာ ဘူတာရုံလေးပါကွာ

                                                          ကိုသျှား

                  

In: ကဗျာ Posted By: Date: Dec 2, 2011
Comment #1

အားပေးပါတယ်…။

commentinfo By: SoFarAwayFromU at Dec 3, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment