Professional Authors

ချို့တဲ့ခဲ့ရတဲ့ ဝေဒနာ

ရင်ဘတ်ထဲက အရက်တခွက် 
အဖြူအနှစ်သက်သက် ခံစားချက်တွေကို ပုပ်သိုးသွားနိုင်ပါစေသလား 
ငွေရေးကြေးရေး အသိုင်းအ၀ိုင်းက
ကြေးပြားတွေကို အဓိပ္ပာယ်ဖွဲ့ကြသလို
ငါလည်း ငါ့ယဉ်ကျေးမှုနဲ့
ပလက်ဖောင်းတွေကို  ကဗျာပြန်ဖွဲ့ပြချင်တယ်
မိမိဖာသာ လောင်ကျွမ်းခံပြီး ဆိုကတည်းက
မီးတောက်တွေကို ချစ်မြတ်နိုးတယ်ဆိုတာမင်းလက်ခံပါ
မီးတောက်တွေကို ရည်စားစကားပြောတဲ့နေ့
ကမ္ဘာရဲ့ အတိုင်းအတာကိုတောင် မေ့ခဲ့ရတယ်လေ
ရင်ဘက်ရဲ့ ဈာပနကိုလည်း
မျောက်ပွဲ တပွဲလိုချပြဖူးတယ်
ဒါပေမယ့်  ဟာသ တပြားသားမှ မပါစေရဘူး
စိတ်ကူးယဉ်ဆန်စွာနဲ့
ရထားတစင်းလို ခုတ်ချင်ရာကို ခုတ်ချင်တယ်
သို့သော်…
ဘူတာတွေမှာ ရပ်ရတဲ့ဒုက္ခကိုတော့ မုန်းခဲ့သည်

ap 

In: ကဗျာ Posted By: Date: Oct 13, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment