Professional Authors

ယဇ်ကောင် ၂

ခပ်ရှင်းရှင်းပြောရရင် ဘ၀ဟာ ခပ်ရှုပ်ရှုပ်ပဲ
ဒီထက်ပိုရှင်းအောင်ပြောရရင် ဘ၀ဟာ ဒီထက်ပိုရှုပ်တယ်
လူ့ဘ၀မှာ လူဘ၀ရောက်/ရဖို့ဆိုတာ ဒုလ္လဘတရား
အရိုက်ခံရမှာ ကြောက်တာနဲ့ပဲ ရထားတဲ့ရှင်သန်မှုလေး
ဟိုဖဲ့ပေး ဒီဖဲ့ပေး ငါတို့မှာ အခုထိ သွေးတိတ်ခွင့်မရသေးဘူး
ရှိပြီးသားအဓိပ္ပာယ်တွေနဲ့ဖွင့်ဆိုဖို့ မလောက်ငှတော့တဲ့မီးလောင်တိုက်ထဲ
နေ့ရက်တိုင်းဟာ စစ်မက်ဖြစ်ပွားနေတဲ့ဇာတ်ဝင်ခန်းတွေ
အတက်အဆင်းကြမ်းကြမ်းဇာတ်လမ်းက အကျအပေါက်များတယ်
ကိုယ့်ပန်းခြံထဲကပန်းမှ ကိုယ်ခူးနမ်းခွင့်မရတဲ့အဖြစ်အပျက်တွေ
ရင်နဲ့မဆန့်အောင် မှောင်တယ်
ဟာသမဟုတ်တဲ့ရှုမျှော်ခင်းတွေထဲ စိတ်ကိုအရည်ဖျော်
အော်ငိုပစ်မိတော့မယ်

                                                                                 ကိုသျှား

In: ကဗျာ Posted By: Date: Mar 26, 2012
Comment #1

ရှင်းလေရှုပ်လေ .. 🙂

commentinfo By: Natthamee at Mar 26, 2012
Comment #2

ကိုယ့်ပန်းခြံထဲကပန်းမှ ကိုယ်ခူးနမ်းခွင့်မရတဲ့အဖြစ်အပျက်တွေ
ရင်နဲ့မဆန့်အောင် မှောင်တယ်

commentinfo By: May Kha at Mar 26, 2012
Comment #3

အကို ကဗျာကောင်းတစ်ပုဒ်ကို
စာမေးပွဲတွေကြားကနေ ရဲရဲရင့်ရင့်
ဖတ်ရှုအားပေးလိုက်ပါတယ် အဝေးရောက် ရင်ချင်းဆက် အကိုရေ
(ရွှေကြယ်မိုး)

commentinfo By: yaewintaung at Mar 26, 2012
Comment #4

အရိုက်ခံရမှာ ကြောက်တာနဲ့ပဲ ရထားတဲ့ရှင်သန်မှုလေး
ဟိုဖဲ့ပေး ဒီဖဲ့ပေး ငါတို့မှာ အခုထိ သွေးတိတ်ခွင့်မရသေးဘူး

commentinfo By: ကံ့ကော်မောင် at Mar 26, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment