Professional Authors

ဒဿနလူသား (ဝေဟင်)

ငါဟာ
ရာစုသစ်မှာ ဒဿနတွေထမ်းပိုးထားရင်း
ခါးချိနေသူပေါ့………။

ထီးတချောင်းနဲ့ဖိနပ်တရံရဲ့
ရလိုမှု အချိန်အခါလွဲမှားနေတော့
မိုးသည်းထဲက ဖိနပ်တရံနဲ့
ဆူးခရောင်းလမ်းက ထီးတစ်လက်က
အသုံးမ၀င်ဘူးပေါ့……….။

တိမ်ဖုန်းနေတဲ့ လ လို
အလင်းရောင်တွေအပိုင်းပိုင်းပြက်အောင်
ရိုက်ချိုးခံထားရ……..။
အချစ်ရဲ့ကောက်ကြောင်းမှာ
ကျကျန်ရစ်တဲ့ မျှော်လင့်ချက်တွေကအိပ်မက်တွေပါ ခိုးသွားတော့
ငါ့လက်က ထွက်ကျသွားတဲ့
ဒဿနတွေကို ငါကိုယ်တိုင် နားမလည်နိုင်တော့ဘူး………..။

ဝေဟင်

In: ကဗျာ Posted By: Date: Apr 2, 2013
Comment #1

အလုပ်နဲနဲများလို့ post အသစ်မတင်ပေမဲ့
poemcorner နဲ့ သူငယ်ချင်းအားလုံးကို သတိရလျက်ပါ။

ဝေဟင်

commentinfo By: soewaihin at Apr 2, 2013
Comment #2

အလင်းရောင်တွေ အပိုင်းပိုင်းပြတ်တယ်
ဟုတ်တယ် အဲဒါ တိမ်ဖုံးနေတဲ့ လတစ်စင်းပဲ
post တင်နိုင်ပါစေရှင် များများပေါ့

commentinfo By: မေပျို at Apr 3, 2013
Comment #3

ဲကြိုးစားနေပါတယ် မမေပျို။ကျေးဇူးပါ။

commentinfo By: soewaihin at Apr 3, 2013
Comment #4

ငါ့လက်က ထွက်ကျသွားတဲ့
ဒဿတွေကို ငါကိုယ်တိုင် နားမလည်နိုင်တော့ဘူး………..။

ဒဿန မဟုတ်လားဗျ … ကဗျာလေးကြိုက်တယ်

commentinfo By: အသဲကွဲ မိုး at Jul 14, 2013
Comment #5

ဟုတ်တယ်တယ်အကိုရာ ဒဿနပါ။
အခုလိုထောက်ပြပေးတာ ကျေးဇူးပါ။အခုတော့ပြန်ပြင်ထားပါတယ်။

လေးစားစွာဖြင့်

ဝေဟင်

commentinfo By: soewaihin at Jul 14, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment