Professional Authors

ဆုတောင်းစာ

ဟောင်းနွမ်းပုတ်သိုးနေတဲ့…၀န်စည်စလည်တွေသာ…
တနေရာနဲ့တနေရာရွေ့လျားသွားလေရဲ့…
..
ပုခုံးသားနှစ်ခုထက်…ညှီစို့စို့အသက်ရှုသံတွေနဲ့အတူ…
ကိုယ်ပိုင်ယုံကြည်ချက်ကို…ရေခဲရိုက်..အသက်ရှင်နေရတုန်းပဲ…

လမ်းတ၀က်မှာ..ပြတ်ကျန်ခဲ့တဲ့…လက်တွေ…
ခရီးတထောက်မှာ..အားကိုးရာမဲ့သွားတဲ့…မျက်ဝန်းတွေ…
တဘ၀လုံးစာအတွက်မဟုတ်ရင်တောင်….
မင်းတို့ကို…ငါ…လွမ်းတယ် ။
..
..
ကြယ်တွေ…တဖြုတ်ဖြုတ်ကြွေကျနေတာ…
ဘယ်ရာသီခွင်နဲ့မှ..တွက်ချက်ပြလို့မရတဲ့…
ကိုယ်ပိုင်နက္ခတ်တစ်ခုပါပဲ… ။
..
မျှော်လင့်ချက်ကို….အတွင်းအိတ်ထဲထည့်လို့…
ကိုယ့်မျက်ရည်ကိုယ်မမြင်ချင်ယောင်ဆောင်ပြီး…
ကိုယ်ပိုင်မိုးရာသီနဲ့..ဖြတ်သန်းခဲ့တဲ့..နေ့ညတွေကို..
ပြန်မလွမ်းချင်တော့ပေမယ့်………..
ငါ့အတ္တကတော့…..ကမ်းလင့်နေလေရဲ့..။
..
.
ဘယ်ဆီမှာလဲ…
ချိနဲ့နဲ့ညည်းညူ သံတွေကြားမှာ…..
ငါ့နံရိုး..ငါဖြုတ်လို့……….အဖော်လုပ်မယ်… ။
..
..
နင်မဟုတ်လို့….စွန့်ခွာပြေးမသွားပေမယ့်…
ချန်ရစ်ခံခဲ့ရတဲ့..ငါ့ကိုယ်ငါ..မုန်းတယ်.. ။
..
..
ဗလာပြင်…ဟင်းလင်းနေတဲ့..ကောင်းကင်ကို..
ငါ့ရင်ခွင်နဲ့…အစားထိုးကုမယ်…
..
..
နင်………ဆိုတဲ့…ကြယ်ကလေး..
ငါ့အသက်ထက်…ရှည်ပါစေလေ ။

In: ကဗျာ Posted By: Date: Sep 20, 2014

Leave Comments

Name*

Email*
Website
Email me whenever there is new comment