Professional Authors

gothic နယ်မြေ….

gothic နယ်မြေ…

ငါဆိုတဲ့…ငါ
အတောင်ပံတွေတပ်..
ခိုလှုံရာဒီမရဏ္ဍအုတ်ဂူကြားမှ..
ငါပျံသန်းထွက်ခွာဖို့ ငါကြိုးစား…။

ငါဆိုတဲ့..ငါ…
ရှည်လျားနက်မှောင်သောဆံနွယ်တွေအား..
မြေပြင်ပေါ်ဖြန့် ခင်းထားရင်း
မှောင်မဲသောမီးခိုးတွေကြားမှာ..
ငါထွက်ပြေးဖို့ ငါကြိုးစား….။

သာယာငြိမ့်ညောင်းတဲ့တယောသံတွေ…
အုံ့ ဆိုင်းနေသောမြူတွေကြားမှ လက်တွေ…
ဝါးမြိုတော့မယ့်သေမင်းရဲ့ ခေါ်သံတွေ
နိုးထလာသော မကောင်းဆိုးဝါးရဲ့ဝိညာဉ်တွေ
ငါ့ကိုဆွဲခေါ်သွားမယ့် တစေ တွေနဲ့ အတူ…။

ငါဟာ…
အလောင်းကောင်တွေကြားမှာစားစရာတစ်ဖြစ်သွားပြီ
ခေါ်သံတွေလဲငါမကြားရ…။
ညည်းညူသံတွေပဲငါကြားရသည်။

ငါမြတ်နိုးတဲ့ gothic
ငါချစ်တဲ့ gothic
ခုတော့
ငါ့ရဲ့သေမင်းတမန် gothic

In: ကဗျာ Posted By: Date: Nov 17, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment