Professional Authors

ဥသြဆွဲချိန်-ရွှေကြယ်မိုး(ခေါ်)ရဲဝင့်အောင်

ရင်ဘတ်တစ်ခုလုံးနဲ့ 
တည်ဆောက်ခဲ့ရတဲ့
ဘူတာရုံလေးပါ…
ခုတော့ တစ်စီးတည်းကျန်တဲ့
မျှော်လင့်ချက်လေးတောင်
အချိန်မတန်ခင် ထွက်သွားခဲ့ပြီ…

နေ့ စဉ်ရက်ဆက်
ဘယ်လိုပဲစောင့်ခဲ့စောင့်ခဲ့
ဒဏ်ရာတွေသာဥသြမဆွဲပဲ
ရောက်ရောက်လာတယ်…
ဟာတာတာရင်ဘတ်နဲ့ လင်းတဲ့
ကျွန်တော့်ရဲ့ဘူတာလေးဆီ
သူပြန်မလာခဲ့ဘူး…..

ခုတော့…..
ချစ်သူထံကတောင်းယူဖူးတဲ့
ပါးဖြူဖြူလေးကို နှုတ်ခမ်းထက်ကနေ
စွှန့် လွှတ်လိုက်ပါပြီ…
ပြေးကြည့်လို့ မရနိုင်တဲ့
ရင်ဘတ်အမှောင်ခြမ်းမှာ
သူ ဆိုတဲ့ပုံရိပ်ကိုထည့်သွင်း
အားလုံးကိုမြှုပ်နှံလိုက်ပါပြီ…
                               ရွှေကြယ်မိုး
အမည်ရင်း=ရဲဝင့်အောင်

In: ကဗျာ Posted By: Date: Sep 30, 2011
Comment #1

ပြေးကြည့်လို့ မရနိုင်တဲ့
ရင်ဘတ်အမှောင်ခြမ်းမှာ
သူ ဆိုတဲ့ပုံရိပ်ကိုထည့်သွင်း
အားလုံးကိုမြှုပ်နှံလိုက်ပါပြီ…
အရမ်းကောင်းပါတယ်…ကိုရဲဝင့်အောင်
အားပေးသွားပါတယ်…

commentinfo By: ကြယ်စစ်သည် at Sep 30, 2011
Comment #2

ရင်ဘတ်တစ်ခုလုံးနဲ့ 
တည်ဆောက်ခဲ့ရတဲ့
ဘူတာရုံလေးပါ…
ခုတော့ တစ်စီးတည်းကျန်တဲ့
မျှော်လင့်ချက်လေးတောင်
အချိန်မတန်ခင် ထွက်သွားခဲ့ပြီ…

Comment #3

ပြောစရာမလိုအောင် ကောင်းတဲ့ကဗျာလေးပါ အားပေးပါတယ်

commentinfo By: မေပျို at Nov 12, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment