Professional Authors

နှုတ်ဆက်လိုက်သည်-ရွှေကြယ်မိုး

နှုတ်ဆက်ကြတာအကောင်းဆုံးပါကွယ်
အဝေးကြီးမဟုတ်ခဲ့ပေမယ့် နီးနီးစပ်စပ်
ခြားနားသွားကြရဲ့မဟုတ်လား…
သိပ်ပြီးဆိုးဆိုးရွားရွားမဟုတ်ခဲ့တောင်
ကမ္ဘာတစ်ခုစာလောက်ပြိုပျက်ကြရရဲ့

နီလင်းတောက်ရှတဲ့ဘ၀များ
ခုတော့ လွင့်မျောကြရပြီထင်ရဲ့
စိတ်လွတ်ကိုယ်လွတ်ပျော်နေပေါ့ကွယ်
နင်က…ကျောခိုင်းသွားသူ
ငါက…လှည့်ပြန်ခဲ့ရသူ
ခြေလှမ်းခြင်းတော့ ဘယ်တူပါ့မလဲ
လှည့်ပြန်ခဲ့ရပေမယ့် လက်ပြခဲ့ပါရဲ့ကွယ်

ကိုးတန်းနှစ်ခါကျ လူတစ်ယောက်ထံ
ဘ၀ကိုပုံအပ်လိုက်တဲ့ တိတ်တခိုးချစ်သူအတွက်
ဒုတိယနှစ်ကျောင်းသားက ကြေကွဲရမယ်တဲ့လား…
တော်လောက်ပါပြီကွယ်…
အရာရာဟာ သတင်းဆိုးတွေယူလာတဲ့
ဆောင်းဦးပေါက်တင်္နလာနေ့ မှာ ပြီးသွားပါပြီ

ကောင်းကင်လိုလည်းမိုးပေးဖူးတယ်
မြေပြင်လိုလည်း လမ်းခင်းပေးဖူးတယ်
ခုတော့…မြစ်တစ်စင်းလိုစီးဆင်းသွားပါရစေ
ကိုနရီထက်ရဲ့စာသား…သိပ်ရွတ်ဖြစ်တယ်
“နင့်ရဲ့မနက်ဖြန်သူ့ လက်ထဲလား”
“နင့်ရဲ့မနက်ဖြန်သူ့ လက်ထဲလား”
“နင့်ရဲ့မနက်ဖြန်သူ့ လက်ထဲလား”
ခုတော့…
ပြီးသွားပါပြီကွယ်

အဲ့နောက်တော့
ငါ့ g-talk ပေါ်မှာ
” Why not? ” ဆိုတဲ့စာတန်း
အမြဲတမ်းရှိနေလိမ့်မယ်…
www.poemyae.blogspot.com မှာ
စွန့် လွှတ်ရသူတို့ ရဲ့ကဗျာတွေကို ရှာပြီးတင်မယ်
နင်ဖြစ်နိုင်ရင် ၀င်မကြည့်ပါနဲ့ 
comments တွေဝင်မရေးပါနဲ့ 
c.box ကိုလည်းငါ မတပ်တော့ပါဘူး

သွားပါတော့ ကလေးရယ်
လူတေလေ ကဗျာဆရာတစ်ယောက်ကို
ငဲ့မနေပါနဲ့ တော့
အရှေ့ မှာနင့်ကိုဝါးမြိုဖို့  နတ်ဆိုးက
စောင့်နေရော့ပြီ
အရာရာသတိရှိပါစေကွယ်
နှုတ်..ဆက်..ပါ..တယ်
                      ရွှေကြယ်မိုး

In: ကဗျာ Posted By: Date: Nov 22, 2011
Comment #1

နင်က…ကျောခိုင်းသွားသူ
ငါက…လှည့်ပြန်ခဲ့ရသူ
ခြေလှမ်းခြင်းတော့ ဘယ်တူပါ့မလဲ
လှည့်ပြန်ခဲ့ရပေမယ့် လက်ပြခဲ့ပါရဲ့ကွယ်
……………..
တကယ်က ကျွန်တော် တပုဒ်လုံးကိ တိုက်ဆိုင်မှုတချို့ အလွန်နှစ်သက်မိပါတယ်

commentinfo By: အသဲကွဲမိုး at Nov 23, 2011
Comment #2

ကောင်းကင်လိုလည်းမိုးပေးဖူးတယ်
မြေပြင်လိုလည်း လမ်းခင်းပေးဖူးတယ်
ခုတော့…မြစ်တစ်စင်းလိုစီးဆင်းသွားပါရစေ…………………….

commentinfo By: May Kha at Nov 24, 2011
Comment #3

အဲ့နောက်တော့
ငါ့ g-talk ပေါ်မှာ
” Why not? ” ဆိုတဲ့စာတန်း
အမြဲတမ်းရှိနေလိမ့်မယ်…

ကျွန်တော်လည်း အဲလို ကျွန်တော့်ဂျီတော့မှာတင်ထားရမယ်ထင်တယ်…

Leave Comments

Name*

Email*
Website
Email me whenever there is new comment