Professional Authors

သူမရဲ့ဥယျာဉ်-ရွှေကြယ်မိုး

/* Style Definitions */
table.MsoNormalTable
{mso-style-name:”Table Normal”;
mso-tstyle-rowband-size:0;
mso-tstyle-colband-size:0;
mso-style-noshow:yes;
mso-style-priority:99;
mso-style-qformat:yes;
mso-style-parent:””;
mso-padding-alt:0in 5.4pt 0in 5.4pt;
mso-para-margin-top:0in;
mso-para-margin-right:0in;
mso-para-margin-bottom:10.0pt;
mso-para-margin-left:0in;
line-height:115%;
mso-pagination:widow-orphan;
font-size:11.0pt;
font-family:”Calibri”,”sans-serif”;
mso-ascii-font-family:Calibri;
mso-ascii-theme-font:minor-latin;
mso-fareast-font-family:”Times New Roman”;
mso-fareast-theme-font:minor-fareast;
mso-hansi-font-family:Calibri;
mso-hansi-theme-font:minor-latin;}

လမင်းကိုပန် ကြင်နာတဲ့ဟန်နဲ့

မျှော်လင့်ခြင်းရဲ့သမီးပျို ငါ့နှလုံးသားကို

ပြာညိုယိမ်းထိုး ဖမ်းစားလို့ပေါ့ကွယ်…

 

နဂါးငွေ့တန်းခေတ်အလွန်

သူမပျိုးဖို့…ပတ္တမြားအံဖတ်တစ်ချို့

ရောင်နီကိုမျှော်လို့ ဖွင့်ချပေးခဲ့တယ်…

ငါ့…..တစ်ကိုယ်တော် ဥယျာဉ်မှာ

အနက်ရောင်မီးတွေ တဖျပ်ဖျပ်ဖွင့်ရင်းပေါ့

 

လာလေကွယ်…သွားကြမယ်

ပတ္တမြားအပွင့်တွေ ပွင့်လောက်ပြီကွယ်

သူမရဲ့ဥယျာဉ်မှာ သူမအတွက်

ရောင်နီတွေ ခူးပေးဖို့လေ…

 

အလင်းမှုန်လေးတွေလည်း သီထားတယ်

တိမ်အပွင့်ဖတ်တွေလည်း ကောက်ထားတယ်

ဆော့ကြမယ်ကွယ်…ဆော့ကြမယ်

ကြယ်တွေပေါ်မှာ ပြေးလွှားကြရင်းနဲ့လေ

မြူမှုန်လေးတွေကိုလည်း လိုက်ဖမ်းကြမယ်လေ

လာလေကွယ်…သွားကြမယ်ကွယ်

ကြည့်ပါဦးလေ…

ကြယ်ဖြူလေးတွေ ထင်းလာပြီကွယ်…

သူမတံခါးကို ခေါက်ဖို့အချိန်တန်ပြီလေ…

သူမလည်းတို့ကို မျှော်နေရော့ပြီကွယ်…

 

အဲ့ဒီ့အရပ်ဆီမှာ..

သူမဟာ..ည ..ဟင်းလင်းပြင်တွေထဲမှာ

ဆော့ကစားဖို့ အသင့်ဖြစ်နေပြီကွယ်…

ကြည့်ပါဦးကွယ်…ကြည့်ဦးကွယ်…

ကြယ်တွေပန်ထားတဲ့သူမ ကြယ်တွေကြားမှာလှလို့ရယ်…

 

မမြင်ရလည်း တွေ့ရတယ်ကွယ်…

သူမနဂါးငွေ့တန်းတွေကြားမှာ လှနေရော့ပြီကွယ်…

ကြယ်သားကတ္တီပါတွေလည်း ခစားရော့ပြီကွယ်…

လရိပ်လရောင်တွေလည်း စီးဆင်းရော့ပြီကွယ်…

သူမလည်း…တို့ကိုစောင့်နေရော့ပြီကွယ်…

 

လာလေကွယ်…သွားခေါ်ကြမယ်လေ

ဟင်းလင်းပြင်ကြီးထဲမှာ အတူတကွ ပျံသန်းကြဖို့လေ

ကြယ်ရှုးကြယ်ပျံတွေ အတူတကွ စီးနှင်းကြဖို့လေ

ကောင်းကင်ဟာ နက်မှောင်နေပြီကွယ်…

မှော်သားမှော်ရောင်တွေလည်း ကြည်ဖန့်နေပြီကွယ်

တို့နှလုံးသားတွေ အတူစီးဆင်းကြမယ်လေ

လာလေကွယ်…ပျံသန်းကြမယ်လေ…

 

ငါ့ရဲ့မေတ္တာတွေ သူမထံမှာ

ဖြန့်ကျဲလွှမ်းခြုံထားမယ်ကွယ်…

သူမ…အရမ်းပျော်သွားမယ်ကွယ်…

သူမ…လှလှပပပြုံးလိုက်မယ်ကွယ်…

သူမ…ဖြူဖြူစင်စင်ပျော်မြူးနေမယ်ကွယ်…

 

လာလေကွယ်…

သူမဆီသွားကြမယ်လေ…

မေတ္တာတွေ ဖြန့်ကျက်ကြဖို့ကွယ်…

အတူတူကစားကြဖို့ကွယ်…

ကြယ်ကြွေတွေ ကောက်ကြဖို့ကွယ်

 

လာလေကွယ်…သွားကြမယ်ကွယ်

                             ရွှေကြယ်မိုး

                   (၂၀၁၂.ဖေဖေါ်ဝါရီ.၆ရက်.၈နာရီး ၂၇)

                [email protected]

In: ကဗျာ Posted By: Date: Feb 7, 2012
Comment #1

saunt nay tar kyar hla p,,,
lar lay kwe,,twar kya me.

commentinfo By: ei lay at Feb 7, 2012
Comment #2

ကောင်းတယ်ဗျာ

commentinfo By: kantkawmg at Feb 8, 2012
Comment #3

ကဗျာက ချစ်စရာလေး..အကိုရ
အားပေးသွားပါတယ်။

commentinfo By: poem.poem28 at Feb 8, 2012
Comment #4

တစ်ပုဒ်လုံးကို သယ်သွားတာ ခေါင်းစဉ်ပဲ
စကားလုံးတွေလည်း သဘောကျပါတယ်
ကဗျာလေးက ကောင်းပါတယ်
အရမ်းနူးညံ့တဲ့ခံစားမှုလေးပါပဲ
အားပေးနေပါတယ်

ချစ်ခင်စွာဖြင့် . . .
ကိုသျှား

commentinfo By: ကိုသျှား at Feb 11, 2012
Comment #5

so much cute

commentinfo By: ei lay at May 12, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment