Professional Authors

*တူရိယာမကြင် သည်သံစဉ်*

ရိုးရှင်းတဲ့ သံယောဇဉ်တွေနဲ့

တိုးရင်းသာ ရစ်ပတ်ခဲ့ပြီး

အသာအယာ တီးခတ်မိတော့

မြည်တမ်းလာတဲ့ သည်သံစဉ်

သူ ကြားနိုင်လေမလား … …

တဝေ့ဝေ့ တိုက်ခတ်လာတဲ့ သည်နှောင်ကြိုး

မရေတွက်နိုင်တဲ့ ရိုက်ချက်တွေအောက်

တမည့်မည့် လောင်ကျွမ်းနေရင်း

ပွက်ပွက်ဆူလာတဲ့ သည်သံစဉ်

သူ ကြားနိုင်လေမလား … …

ပေါ့ပေါ့ပါးပါး အပြုံးတွေနောက်

တွယ်တာမှုတွေ သတ်မှတ်ဒီဂရီအောက်

လျော့လျော့သွားမလား စိုးကြောက်နေရင်း

ကိုယ့်လက်ဖ၀ါးကိုယ် လေပူပြန်မှုတ်နေရတဲ့ သည်သံစဉ်

သူ ကြားနိုင်လေမလား … …

ထိန်းကွပ်ထားတဲ့ စည်းချက်တွေကြား

အကျည်းတန် မလိုတမာမှုတွေ

ပြင်းပြစွာ ကျရောက်လာလေတော့

တလိမ့်လိမ့်ပျို့အန်လာတဲ့ သည်သံစဉ်

သူ ကြားနိုင်လေမလား … …

မရင့်ကျက်သေးတဲ့ အိပ်မက်တွေရဲ့ နှိပ်စက်မှုကိုခံရလေတိုင်း

ပင့်သက်ရှိုက်ရင်းနဲ့သာ နာနာကျင်ကျင် ညည်းတွားနေရတဲ့ သည်သံစဉ်

သူ ကြားနိုင်လေမလား … …

စနစ်တကျ သိမ်းထုပ်ထားတဲ့ ပါဆယ်ထုပ်လေးအထဲ

ဖရိုဖရဲ မျှော်လင့်ချက်လေးတွေ .. ယိုင်နဲ့နဲ့ ယုံကြည်မှုလေးတွေ

ဘောင်ဘင်ခတ်လို့ တိုက်မြည်သွားတိုင်း

ကွဲရှလာတဲ့ သည်သံစဉ်

သူ ကြားနိုင်လေမလား … …

တံတိုင်းအထပ်ထပ်ကာလို့ နားတွေပိတ်ထားလည်း

တိုးဝင်လာတဲ့ သံသယများစွာထဲ

တံတွေးအခါခါမျိုချမိဆဲ သည်သံစဉ်

သူ ကြားနိုင်လေမလား … …

 

 

မေခက်ဆူး

(11 Nov 11)

12:00PM

In: ကဗျာ Posted By: Date: Nov 19, 2011
Comment #1

မရင့်ကျက်သေးတဲ့ အိပ်မက်တွေရဲ့ နှိပ်စက်မှုကိုခံရလေတိုင်း

ပင့်သက်ရှိုက်ရင်းနဲ့သာ နာနာကျင်ကျင် ညည်းတွားနေရတဲ့ သည်သံစဉ်

သူ ကြားနိုင်လေမလား … …

စနစ်တကျ သိမ်းထုပ်ထားတဲ့ ပါဆယ်ထုပ်လေးအထဲ

ဖရိုဖရဲ မျှော်လင့်ချက်လေးတွေ .. ယိုင်နဲ့နဲ့ ယုံကြည်မှုလေးတွေ

ဘောင်ဘင်ခတ်လို့ တိုက်မြည်သွားတိုင်း

ကွဲရှလာတဲ့ သည်သံစဉ်

သူ ကြားနိုင်လေမလား … …

တံတိုင်းအထပ်ထပ်ကာလို့ နားတွေပိတ်ထားလည်း

တိုးဝင်လာတဲ့ သံသယများစွာထဲ

တံတွေးအခါခါမျိုချမိဆဲ သည်သံစဉ်

သူ ကြားနိုင်လေမလား … …

………….အင်း…………….
သူကြားနိုင်မလေမလားတဲ့။
တကယ်ကောင်းတဲ့ကဗျာလေးပဲ ။
မိုက်တယ်
ခိုက်တယ်
သူကြားပါစေလို့ ကိုယ် ကူပြောပေးလိုက်မယ်။

commentinfo By: ခမ်းမွန်ကစ် at Nov 19, 2011
Comment #2

တံတိုင်းအထပ်ထပ်ကာလို့ နားတွေပိတ်ထားလည်း

တိုးဝင်လာတဲ့ သံသယများစွာထဲ

တံတွေးအခါခါမျိုချမိဆဲ သည်သံစဉ်

သူ ကြားနိုင်လေမလား … …

Comment #3

သံစဉ်လေးများ လာရောက်နားဆင်သွားပါကြောင်း ~~

commentinfo By: X - ray at Nov 19, 2011
Comment #4

ဖရိုဖရဲ မျှော်လင့်ချက်လေးတွေ .. ယိုင်နဲ့နဲ့ ယုံကြည်မှုလေးတွေ

ဘောင်ဘင်ခတ်လို့ တိုက်မြည်သွားတိုင်း

ကွဲရှလာတဲ့ သည်သံစဉ်

သူ ကြားနိုင်လေမလား
ကြားနိုင်ပါစေ…ဗျာ။အားပေးသွားပါတယ်။

commentinfo By: poem.poem28 at Nov 19, 2011
Comment #5

ပေါ့ပေါ့ပါးပါး အပြုံးတွေနောက်

တွယ်တာမှုတွေ သတ်မှတ်ဒီဂရီအောက်

လျော့လျော့သွားမလား စိုးကြောက်နေရင်း

ကိုယ့်လက်ဖ၀ါးကိုယ် လေပူပြန်မှုတ်နေရတဲ့ သည်သံစဉ်

သူ ကြားနိုင်လေမလား … …

သူကြားနိုင်ပါစေလို့ ကျနော်လဲဝိုင်းကူပီးဆုတောင်းပေးလိုက်ပါတယ်ဗျာ

commentinfo By: harris at Nov 20, 2011
Comment #6

ပေါ့ပေါ့ပါးပါး အပြုံးတွေနောက်

တွယ်တာမှုတွေ သတ်မှတ်ဒီဂရီအောက်

လျော့လျော့သွားမလား စိုးကြောက်နေရင်း

ကိုယ့်လက်ဖ၀ါးကိုယ် လေပူပြန်မှုတ်နေရတဲ့ သည်သံစဉ်

သူ ကြားနိုင်လေမလား … …

သူကြားနိုင်ပါစေလို့ ကျနော်လဲဝိုင်းကူပီးဆုတောင်းပေးလိုက်ပါတယ်ဗျာ

အားပေးသွားတယ်ဗျာ

commentinfo By: harris at Nov 20, 2011
Comment #7

သူ မကြားလေ.. ဘူး…

commentinfo By: SoFarAwayFromU at Dec 24, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment