Professional Authors

အနမ်းတို့ကြွေမြဲ အလွမ်းတို့ဝေဆဲ

 

စိတ်ကူးလွန် အိပ်မက်တွေကြောင့်
တရေးနိုးဖို့ အတွက် ဖန်ဆင်းတတ်လာ..၊
လွင့်မျောနေတိုင်းလည်း တိမ်မဟုတ်တဲ့ဘဝ၊
တည်ချက်မဲ့တဲ့ အနာဂတ်ကောင်းကင်မှာ
မျှော်လင့်ချက် တစ်ချို့
လေနှင်ရာပဲ လွင့်နေပါတယ်…..။

တိတ်တဆိတ်ဆွဲတဲ့ အလွမ်းသင့်ပန်းချီ
ဘယ်ရာစုနှစ်တွေအထိ ရှင်သန်နေမှာလဲ…၊
မဝံမရဲ့နဲ့ အားယူပြီးကြည့်ပေမယ့်
ဖရိုဖရဲ ပြကွက်တွေကြောင့်
တမင်သက်သက်ပဲ မျက်စေ့မှောက်ခဲ့တယ်…၊
အသည်းကွဲဇာတ်တွေကလည်း ကလို့ကောင်းတုန်း….။    ။
                                                     ဇော်သက်ဦး

In: ကဗျာ Posted By: Date: Jan 31, 2012
Comment #1

အားပေးသွားတယ်နော်

commentinfo By: May Kha at Jan 31, 2012
Comment #2

nice poem

commentinfo By: ei lay at Jan 31, 2012
Comment #3

အသည်းကွဲဇာတ်တွေကလည်း ကလို့ကောင်းတုန်း….။ ။…
ခံစားအားပေးသွားပါတယ်။

commentinfo By: poem.poem28 at Jan 31, 2012
Comment #4

ကျေးဇူးတင်ပါတယ် သူငယ်ချင်းတို့ရေ….။

commentinfo By: zawthetoo at Jan 31, 2012
Comment #5

အသည်းကွဲဇာတ်တွေကလည်း ကလို့ကောင်းတုန်း…

commentinfo By: kantkawmg at Jan 31, 2012
Comment #6

ကျေးဇူးတင်ပါတယ် ဗျာ…။

commentinfo By: zawthetoo at Feb 1, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment