Professional Authors

ဒုတိယအကြိမ် သေဆုံးခြင်း (ကွဲအက်မိုး)

ဘာနဲ့မှ မတူအောင် ရောင်စုံငိုကြွေးခဲ့
မျော်လင့်ချက်တွေက ဆပ်ပြာပူပေါင်းလေးတွေလို
အိပ်မက်ကတစ်နေရာ လူကတစ်နေရာ။
နောက်ဆုံးတော့လည်း ဘယ်သူမှမကြားရတဲ့
အသံတိုးတိုးလေး ညည်းရင်း…
ပျောက်ကွယ်ခါနီးတောင်မှ
ကတိအယောင် ဆောင်သွားသေးတယ်။

ကိုယ့်ကိုယ်ကို သတ်သေစရာမလိုပါဘူး
ဘဝက သူ့အလိုလို သေသွားမှာပါ။
မသေခင်လေး အိပ်မက်ကို နာနာကျင်ကျင်တစ်ချက်ကြည့်ခဲ့မယ်။
လောကရေ…
ငါဘယ်တော့မှ ပြုံးမပြဘူး မပြောပါနဲ့

အခါခါလင်းပြရတာလည်း အလကားပါပဲ။
ကြယ်လေးတစ်ပွင့်ထက်မှ မပိုခဲ့တာ
နေရောင်ကိုသာ တမ်းတရှာမှာပေါ့
ငါ့ကိုယ်ငါပဲ ကြွေချလိုက်ပါ့မယ်။
အလင်းတန်းလေး ဖြတ်ပြေးသွားတယ်လို့
မြင်ပေးပါ။

In: ကဗျာ Posted By: Date: Sep 24, 2014

Leave Comments

Name*

Email*
Website
Email me whenever there is new comment