Professional Authors

ဘ၀(သို့ )မာတိကာ

တပ်မက်ချင်းတွေ
တစ်ရစ်ပြီးတစ်ရစ်တက်ခဲ့
ငါ့ကိုယ်ငါ  ပြန်ညှစ်သက်ခဲ့
ငါ့ ရမက်တွေလေ…။
ပျိုးမကြဲခဲ့ပါပဲနဲ့
အလေ့ကျ ရုန်းထလာခဲ့ကြ
မသင်ယူပဲနဲ့ အလိုလိုတက်မြောက်ခဲ့ခြင်းတွေ။
မြို့ သေးသေးလေးထဲက
လူငယ်လေးတစ်ယောက်
မြို့ ကြီးပြကြီးရောက်တော့
အရွယ်မတိုင်ပဲ လူကြီးဖြစ်ခဲ့ရ။
မိန်းမော မူးယစ်ခြင်းမှာမွေ့ လျော်ခဲ့
တွန့် ဆုတ်တွေဝေ တတ်ခဲ့
ဖရိုဖရဲ ပရမ်းပတာဆန်ခဲ့
ဒီကောင်ဟာလေ အထိန်းအကွပ်မဲ့။
ဟိုးတုန်းကတော့
မာန တနင့် တပိုးနဲ့ 
ခေါင်းမော့လျှောက်ခဲ့တဲ့ကောင်
အခုတော့
ခေါင်းငုံ့ တိုးလျိုး
ငွေနောက်လိုက်ရပြီ အမေ…။

In: ကဗျာ Posted By: Date: Jul 25, 2010
Comment #1

I love that so much.

commentinfo By: mie mie at Jul 26, 2010
Comment #2

thanks ma mie

commentinfo By: phyowai at Jul 31, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment