Professional Authors

တွေဝေခြင်း

နွေဟာ ဒီလမ်းမထက်မှာ တစ်ဝက်ပဲ ခင်းထားခြင်း မဟုတ်..
ပြီးတော့ ကတိုက်ကရိုက် ဖြန့်ကျဲထားခြင်းလဲ မဟုတ်..
တစ်နေရာမှာပဲ ရပ်တန့််ထားတဲ့ေ၀၀ါးနေသော အရာများသာ..
အရိပ်မည်းတွေသည်လဲ တရိပ်ရိပ်နဲ့
မျက်ဝန်းထောင့်ဆီ ဖြတ်ပြေးလိုက် ထွက်ပြေးလိုက်ပါ..
ဘောင်ကျဉ်းကျဉ်းလေးထဲမှာပဲ အကွက်ကျကျ
မေ့လျော့နေတဲ့ အဖြစ်..
အတွေးတွေက တိမ်စိုင်တွေလို လွင့်နေလိုက်တာဗျာ..
စိတ်နဲ့ ရုပ်က စည်းတစ်ခုခြားထားသလိုပဲ
ရပ်တည်လို့ မရခဲ့…
အော် ငါကိုငါလဲ မသိခဲ့ဘူး..
ငါမြင်နေရတာလဲ မမြင်လိုက်ဘူး..
ငါကြားနေရတာလဲ မကြားခဲ့လိုက်ဘူး..
ရင်ခုန်သံသည်တောင် တစ်ချက် နဲ့ တစ်ချက်
ဘယ်လောက်ဝေးမှန်းတောင် မသိရတဲ့အဖြစ်
အသက်ကင်းမဲ့တဲ့ အမြင်တွေသည်လဲ
ဝိုး၀၀ါးနဲ့ ကျောက်ချခြင်းခံထားရပေါ့..
ငါရောက်နေတဲ့ အရပ်တောင် မပြောနိုင်ခဲ့..
ဆုတ်ကိုင်ခြင်း တစ်စုံတစ်ရာမရှိပဲ
ဘာမှ မမြင်မကြားတဲ့ ကမ္ဘာမှာ
ပျော်ဝင်နေသလိုပဲ..
အလိုလို ရပ်တန့််ခံ ထားရတယ်..

In: ကဗျာ Posted By: Date: Nov 17, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment