Professional Authors

ကဗျာဆရာ ဆိုတာ….

ကဗျာဆရာတစ်ယောက်ဖြစ်ဖို့….
ခါးသည်းလွန်းတဲ့ခံစားချက်တွေ
စားသုံးဖူးရမယ်….
ဒါမှမဟုတ်
ချိုမြိန်လွန်းတဲ့ ခံစားမှုတွေ
ထိတွေ့ဖူးရမယ်………
အောင့်သက်သက်အလွမ်းတွေ
ပိုင်ဆိုင်ဖူးရမယ်…..
ဒါမှမဟုတ်
နွေးထွေးတဲ့ တမ်းတမှုတွေကို
မြင်တွေ့ဖူးရမယ်………
ကလေးတစ်ယောက်လို တွေးတတ်ရမယ်
ဒါမှမဟုတ်
လေးနက်လွန်းတဲ့ အသိအမြင်တွေ
ပိုင်ဆိုင်ထားရမယ်……
အတ္တတွေ တနင့်တပိုး
ထမ်းပိုးထားရမယ်…..
ဒါမှမဟုတ်
မျှတတဲ့အတွေးအမြင်တွေ
လက်ကိုင်ထားတတ်ရမယ်……
နှစ်နှစ်ကာကာချစ်ခဲ့ဖူးရမယ်…
ဒါမှမဟုတ်
ရင့်ရင့်သည်းသည်း
မုန်းတီးဖူးရမယ်……….
တစ်ယောက်ယောက်ကို
စွဲလန်းဖူးရမယ်….
ဒါမှမဟုတ်
တစ်ယောက်ယောက်ကို
မေ့ပစ်ဖို့အားထုတ်ဖူးရမယ်……
သဘာဝတရားကြီးကို
ချစ်မြတ်နိုးရမယ်……..
ဒါမှမဟုတ်
လောကကြီးရဲ့
မမျှတမှုတွေကို
နာကြည်းတတ်ရမယ်……
အကောင်းမြင်သမားတစ်ယောက်အဖြစ်
လုံးဝခံယူထားရမယ်…
ဒါမှမဟုတ်
အရာရာကိုအဆိုးတွေချည်းပဲ
တွေးတဲ့သူတစ်ယောက်ဖြစ်ရမယ်………
ခံစားချက်တွေ
အသက်မဲ့နေရမယ်……
ဒါမှမဟုတ်
မြင်သမျှတိုင်းကို
ခံစားတတ်ရမယ်…..
တကယ်တော့
ကဗျာဆရာဆိုတာ….
သဘာဝတရားကြီးကို
လှပအောင် ရေးခြစ်ကြတဲ့ထဲက
မထင်မရှားစုတ်ချက်တစ်ချက်ပဲ…
ဒီအတိုင်းဆို
မသိသာပေမယ့်…..
သူသာမရှိရင်
လောကကြီးဟာ
ပြီးပြည့်စုံတဲ့ပန်းချီကားတစ်ချပ်
ဖြစ်လာမှာမဟုတ်တာတော့သေချာတယ်………..။             ။

P.S.လေးစားအားကျရသော ကဗျာဆရာများ၊ဘ၀တူ ကဗျာဆရာမဖြစ်တဖြစ်များ….၊ကဗျာဆရာဖြစ်ချင်သူများအားလုံးအား လေးစားလျက်………

In: ကဗျာ Posted By: Date: Sep 2, 2011
Comment #1

ကောင်းလှချည်လားး)

commentinfo By: မိုးသစ်လေပြေ at Sep 3, 2011
Comment #2

နှစ်နှစ်ကာကာချစ်ခဲ့ဖူးရမယ်…
ဒါမှမဟုတ်
ရင့်ရင့်သည်းသည်း
မုန်းတီးဖူးရမယ်…

commentinfo By: မယ်မနော at Sep 3, 2011
Comment #3

really nice,

according to the laws,,,
i could never be a poet.
he,,he,,,
1.lay net lun de a ti a myin tway paing saing htar ya me.
2.yint yint te te mone phu ya me.
3.a yar yar ko a soe tway g pe tway de lu ta yout phyit ya me.
4.khan sar chat tway a tet me nay ya me.

commentinfo By: ei lay at Sep 3, 2011
Comment #4

ကဗျာဆရာဆိုတာ….
သဘာဝတရားကြီးကို
လှပအောင် ရေးခြစ်ကြတဲ့ထဲက
မထင်မရှားစုတ်ချက်တစ်ချက်ပဲ…
ဒီအတိုင်းဆို
မသိသာပေမယ့်…..
သူသာမရှိရင်
လောကကြီးဟာ
ပြီးပြည့်စုံတဲ့ပန်းချီကားတစ်ချပ်
ဖြစ်လာမှာမဟုတ်တာတော့သေချာတယ်………..။ ။

အားပေးသွားတယ်ကိုလွမ်းနောင်….သိပ်ကောင်းတဲ့ကဗျာလေးပါ

commentinfo By: ဘု၇င်မ မာယာ at Sep 3, 2011
Comment #5

တကယ်…ကောင်းတဲ့ဗျာ……..
တကယ်..အဲဒီခံစားမှုတွေလိုအပ်တယ်
အားပေးသွားပါတယ်ကိုလွမ်းနောင်

commentinfo By: poem.poem28 at Sep 3, 2011
Comment #6

မိုက်လိုက်တာ.. အရမ်းကောင်းတယ်

commentinfo By: ကေပိုး at Sep 3, 2011
Comment #7

အမှန်တရားတွေပဲ……….
လုံးဝမိုက်တယ်…ကိုလွမ်းနောင်ရေ..

commentinfo By: terry at Sep 3, 2011
Comment #8

မိုက်တယ်…ဗျို့……….

commentinfo By: အသဲကွဲမိုး at Sep 5, 2011
Comment #9

စာသားတွေကတော့ လန်…..ပြန်……..ထွက် နေတာဘဲ
အရေးအသားကောင်းတဲ့ အတွေးအခေါ်ဆန်းသစ်တဲ့ အဖြတ်အတောက် ၊ အဆက်အစပ် လှတဲ့ကဗျာလို့မြင်ပါတယ် ။

commentinfo By: X - ray at Jan 5, 2012
Comment #10

lan pyan htwke nay de so tar shin pya pay par naw,,x ray
he,,he,,

commentinfo By: ei lay at Jan 5, 2012
Comment #11

အရမ်းကောင်းတယ်ဗျာ။

commentinfo By: chitoomaung at Apr 8, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment