နင် ဘာမှ မသိခဲ့ဘူး
ပစ်ပစ်ခါခါလည်း မဟုတ်
နစ်နစ်နာနာလည်း မဟုတ်ပေမယ့်
ငါ့ နှလုံးသားကတော့
တစစ်စစ်နဲ့ နာခဲ့တယ်…။
တစ်အုံနွေးနွေး အချစ်အတွက်
ငါတို့ လောင်းကြေးက
အလျော်အစား များခဲ့တယ်။
ဒါပေမယ့် နင် မသိခဲ့ဘူး…..။
ဘာကိုမှ နင် သေသေချာချာ မသ်ခဲ့ဘူး…။
ငါ အသေအချာ ဆုပ်ကိုင်ထားတဲ့
……… အမှန်တရား
ငါ စူးနစ်စွာ ယုံကြည်တဲ့
………. သံယောဇဉ်
ငါ နင့်အတွက် ပုံပေးခဲ့တဲ့
အဖြူထည် …..မေတ္တာ…
ငါ ကြိုးစား တည်ဆောက်ခဲ့တဲ့
အဆုံးမဲ့ မာနမဲ့ အချစ်
အားလုံးကို ငါ့ဘဝတစ်ခြမ်းဖြစ်တဲ့
နင်က နောက်ဆုံးအချိန်အထိ
ဘာမှမသိခဲ့ဘူး………..။ ။
Comment #3
တစ်အုံနွေးနွေး အချစ်အတွက်
ငါတို့ လောင်းကြေးက
အလျော်အစား များခဲ့တယ်။
ဒါပေမယ့် နင် မသိခဲ့ဘူး…..။
ဘာကိုမှ နင် သေသေချာချာ မသ်ခဲ့ဘူး…။
အားပေးသွားပါတယ်…….စာသားလေးတွေကောင်းတယ်ဟာ
By: ကေသရီ at Sep 26, 2011
Comment #4
excellent,,,
hote de,,,hote de,,htout khan de,,,
nin bar hma ma ti ke bu,,
nin bar hma ma ti chin yaung saung ke de,,
nin ga u ma sike ke bu,,
nin a yan yet set de,,
By: ei lay at Feb 27, 2012
Comment #5
ကိုဇော်လေး………………….ကဗျာလေး အရမ်းကောင်းတယ်..
ခံစားချက်ချင်းတိုက်ဆိုင်မှုရှိလို့ အရမ်းကိုသဘောကျတယ်…….
ယူသွားမယ်နော……………ခွင့်ပြုပါနော……………….အမြဲတမ်းအားပေးနေမယ်………..
By: ဆူးခက် at Aug 4, 2013
Comment #6
heat ထိတယ်…..
By: naymoemakha at Jul 8, 2014




Comment #1
ငါ အသေအချာ ဆုပ်ကိုင်ထားတဲ့
……… အမှန်တရား
ငါ စူးနစ်စွာ ယုံကြည်တဲ့
………. သံယောဇဉ်
ငါ နင့်အတွက် ပုံပေးခဲ့တဲ့
အဖြူထည် …..မေတ္တာ…
ငါ ကြိုးစား တည်ဆောက်ခဲ့တဲ့
အဆုံးမဲ့ မာနမဲ့ အချစ်
အားလုံးကို ငါ့ဘဝတစ်ခြမ်းဖြစ်တဲ့
နင်က နောက်ဆုံးအချိန်အထိ
ဘာမှမသိခဲ့ဘူး………..။ ။ very nice !