Professional Authors

ည(၁၆)

ဒီညလဲ ဗေဒင်မေးစရာမလိုဘူး..

ညနေကထဲက အကောင်အထည်ပြစရာမရှိခဲ့တဲ့

အချိန်ဇယားတွေ ဟိုတစ်ကွက် ဒီတစ်ကွက်နဲ့

ချွတ်ချော်နေလိုက်တာများ..

အသက်ရှူသံတောင် မှားယွင်းနေခဲ့..

ဘာတွေ လုပ်နေမှန်းလဲ မသိခဲ့..

ထူးခြားတာက

ငါ့ကိုငါတောင် မေ့နေလို့

ဟိုးအဝေးဆီပဲ

မှင်မှင်သက်သက်

စိတ်ရူးပေါက်နေခဲ့မိတယ်..

 

ဒီနေ့ မပူပဲနဲ့

နွေညလယ်ကို ဖြတ်ကျော်နေသလိုပါပဲ..

 

ညနက်လေ

အချိန်တွေ ရူးသွပ်လေပဲ..

 

သူပေးထားတဲ့ ရက်စွဲတွေက

အတိုင်အဖောက်မညီတာ

မသိခဲ့မိဘူး..

အားလပ်ရက် တစ်ခုလိုပဲ

ခံစားနေခဲ့မိတာ..

အားနေတဲ့ စိတ်ကလဲ ဘာအကြောင်းပြချက်မှ မပေးဘူး..

တလက်လက်ထနေတဲ့ ရင်ကွဲပြတိုက်ထဲ

ငါးတစ်ကောင်လို အစုန်အဆန်ကူးခတ်ဆဲ..

မောပန်းနေဆဲ..

 

အမှောင်ကို ကိုယ်စားပြုနေတဲ့

စကားလုံးတွေက

ထောင်ပေါင်းများစွာ ကြွေဆင်းလို့

ညတွေမှာ

ဖြတ်စီးနေကျပါ..

 

ဘယ်လို ပေါက်ဖွားလာမှန်းမသိတဲ့

ဗွာမခတ်တဲ့ အတွေးတွေက

အမြှောက်ကြိုက်စွာ

ကျူးရင်ထားဆဲ..

ညရဲ့ အလှတရားထဲ

အပျော်လွန်နေဆဲ..

ငိုက်မြည်းနေဆဲ..

ဘယ်လိုပဲ ကြည့်ကြည့်

ဟန်ပါပါ ကခုန်နေဆဲ..

ငါအဖြစ်က ညနက်လေ အရူးရင်လေပါပဲ..

အခုလဲ လွမ်းစရာကောင်းတဲ့ ညအလယ်မှာ

သက်ပြင်းတွေ အခါခါ မှုတ်ထုတ်နေဆဲပါ..

ညက ငါအတွက် မှားယွင်းနေခဲ့..

 

ဒီညလဲ မှားဖြစ်အောင် မှားလိုက်အုံးမယ်..

In: ကဗျာ Posted By: Date: Nov 10, 2011
Comment #1

so nice……………………………………..

commentinfo By: May Kha at Nov 10, 2011
Comment #2

ကိုဟန်သူအောင် ညတွေ အများသားဗျ..
လုလင် အားပေးနေပါတယ်

Comment #3

he,,he,,
ko lu lin ka dot loak p.
thu kha myar daw daw khan sar nay ya pone par.
he,,he,,,
ko ne tu de thu moh loh a hmat tway pay like tar lay..

commentinfo By: ei lay at Nov 11, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment