အမှောင်ထဲက အသည်းကွဲသမား…
ကျုပ်..နားပိတ်ထားတယ်
ဒီလိုညမျိုးမှာ
ကြယ်ကြွေသံကို မကြားပါရစေနဲ့……….
ဘယ်လောက်များအထီးကျန်လိုက်သလဲ…
ခြေသံတွေ အဖော်မလိုက်လို့
ကျုပ်လမ်းမလျှောက်ရဘူး…..
ရင်ခုန်သံကတော့
အသက်ငွေ့ငွေ့ကျန်နေသေးတယ်……
လိုက်ခဲ့ကြဦးဗျာ…
လျှပ်ရောင်တ၀င်းဝင်းနဲ့ညမှာ….
ခံစားချက် အကွဲ အပြဲတွေကို
လိုက်ကောက်ချင်သေးတယ်…..
ခင်ဗျားတို့လည်း…
ဒဏ်ရာတွေနဲ့ ကျုပ်ကို
လက်မတွဲချင်ဘူးမဟုတ်လား………
ကောင်းပြီ…
ကျုပ်တစ်ယောက်တည်းဆက်လျှောက်မယ်…..
မနက်မလင်းခင် ကျုပ် ရှာလို့တွေ့မှာပါ
သေချာတယ်….
ကျုပ်အချစ်တွေ ဝေးဝေးမသွားနိုင်ဘူး
တစုံတစ်ယောက်နားမှာ ခိုဝင်နေလိမ့်မယ်
ခက်တာက..
အဲဒီ တစုံတစ်ယောက်သောသူက
ကျုပ်ကိုပုန်းရှောင်နေတယ်…..
တွေ့ရင်အကြောင်းကြားဗျာ…
ကျေးဇူးဆပ်မယ်….
ကောင်မလေးတစ်ယောက်
ကျုပ်အချစ်တွေ ချနင်းထားတာကိုတွေ့မိရင်
အမြန်ဆုံးဆက်သွယ်လိုက်…
အမှောင်ထဲမှာပဲ
ကျုပ်ရှိနေမယ်…………။ ။
Comment #2
ကျုပ်အချစ်တွေ ဝေးဝေးမသွားနိုင်ဘူး
တစုံတစ်ယောက်နားမှာ ခိုဝင်နေလိမ့်မယ်
ခက်တာက..
အဲဒီ တစုံတစ်ယောက်သောသူက
ကျုပ်ကိုပုန်းရှောင်နေတယ်…..
တွေ့ရင်အကြောင်းကြားဗျာ…
ကျေးဇူးဆပ်မယ်….
By: May Kha at Nov 13, 2011
Comment #3
ကျုပ်အချစ်တွေ ဝေးဝေးမသွားနိုင်ဘူး
တစုံတစ်ယောက်နားမှာ ခိုဝင်နေလိမ့်မယ်
ခက်တာက..
အဲဒီ တစုံတစ်ယောက်သောသူက
ကျုပ်ကိုပုန်းရှောင်နေတယ်…..
တွေ့ရင်အကြောင်းကြားဗျာ…
ကျေးဇူးဆပ်မယ်…. (တွေရင်အ ကြောင်းကြားပါ့မယ်….
ဆုငွေရှိပါသလားရှင့်)
By: May Kha at Nov 13, 2011
Comment #4
ကျေးဇူးဆပ်မယ်ဆိုတော့ စိတ်ဝင်စားတယ်
ဆုငွေဘယ်လောက်လောက်ရမလဲမသိဘူး ( just kidding)
ကဗျာ အစကနေအဆုံး အကုန်ဖတ်လို့ကောင်းတယ်ဗျ
ဝင်ရောက်ဖတ်ရှုအားပေးသွားပါကြောင်း ~~
By: X - ray at Nov 13, 2011
Comment #5
poem is full of care,kindness,love n miss.
comments r full of funs.he,,he,,
By: ei lay at Nov 14, 2011
Comment #7
ကဗျာတော်တော်ရေးနိုင်တယ်နော်
ကျောင်းတက်နေတဲ့ ကျောင်းသားတယောက်ဆိုရင် ကဗျာစာအုပ် ထုတ်ရောင်းပေါ့
လူကြိုက်များမယ့် ကဗျာလေးပဲနော်
By: hmwehmwe at Nov 14, 2011
Comment #8
ဟာ..အကြောင်းကြားပေးရမှာပေါ့…ဗျာ။
ဟဲဟဲ အားပေးသွားပါတယ်။
By: poem.poem28 at Nov 14, 2011
Comment #9
he,,he,,,
a kyaung kyar p tine sar poh de thu yan thu be naw.
By: ei lay at Nov 14, 2011
Comment #11
kyae zu sat mae soe lot .. tyaw yin pyaw mae a lae gar tat ma ya bu … just pulling yr leg..
By: cynthia at Nov 3, 2013
Comment #12
အကြောင်းကြားပေးပါ့မယ်နော် အဲ..ဒါနဲ့ဘယ်လိုကျေးဇူးဆပ်မှာလဲ နည်းနည်းလောက်ပြောပြပါလား..hee hee
အားပေးသွားတယ်နော်….ကဗျာလေးကကောင်းတယ် ထပ်ရေးပါဦးနော်..
By: ငွေမှုံကြွေ at Nov 3, 2013




Comment #1
ကောင်မလေး ရေ မီးတွေ မလာဘူး
ရင်ထဲက .အလင်း နှင်းဆီခင်းကို
ဖြတ်လျှောက်…?