အလံမလဲမြို့ (ဖြိုးဖြိုး)
မေမေ့ရင်ခွင်ဆိုတာ
သမီးအတွက်တော့
နောက်ဆုံးခံတပ်မြို့လေးပါ..
အဲဒီမြိုလေးမှာပေါ့
သင့်ရဲ့လားလို့
တွေးတောချင့်ချိန်မှုတွေမလိုဘဲ
ချွဲနွဲ့ပြောဆိုလုပ်ကိုင်ခွင့်တွေအပိုင်စားရထားတဲ့
သမီးရဲ့ ကိုယ်ပိုင်လိုင်စင်လေးရှိတယ်..
အဲဒီမြို့လေးမှာပေါ့
မေတ္တာ၊ စေတနာ၊ ကရုဏာ တွေရဲ့
စာလုံးပေါင်းအမှန်တွေရှာလို့ရတဲ့
သမီးရဲ့ သတ်ပုံကျမ်းလေးလည်း ရှိတယ်..
အဲဒီမြို့လေးမှာပေါ့
မေမေ ပြောလို့မပြီးသေးတဲ့
ယဉ်ကျေးစေဖို့
စာနာတတ်ဖို့
လိမ္မာစေဖို့
ချစ်ခင်တတ်ဖို့
……
….
..
အစရှိတဲ့
သမီးအတွက် အိပ်ရာဝင်ပုံပြင်တွေရှိတယ်..
အဲဒီမြို့လေးမှာပေါ့
ဝမ်းနည်းအားငယ်မှုတွေကို
ဖျောက်ခနဲ ပျောက်စေနိုင်တဲ့
မှော်အောင်းနေတဲ့ လက်တစ်စုံလည်း ရှိတယ်..
စစ်သည်လေးသိန်းမက
ခံတပ်မြို့က
သမီးချစ်တဲ့ စစ်သူကြီးရေ………….
ရင်ခွင်ပိုက်
အလွမ်းတွေကို
လူမမြင်အောင်ရှိုက်ဖို့
အဲဒီမြို့ဆီ
သမီး ဦးညွတ်ပြီး
ပြန်လာပြီ..
ဖြိုးဖြိုး
Sept 16, Thursday, 12:04 AM
/* ပြန်ပလိုက်တာ ကဗျာထဲကနေ မေမေ့ဆီကို…. (: */
Comment #11
မင်းကိုယ်တိုင်ကြုံတွေ့မဲ့
အခက်အခဲတွေကို
အောင်မြင်နိင်ပါစေ
မိန်းကလေး
By: saikungkhant at Mar 20, 2013
Comment #12
မိန်းကလေး မင်းနဲ့ ကဗျာအကြောင်း ဆွေးနွေးချင်ပါသေးတယ်
[email protected] ကကိုယ်အကောင့်ပါ
By: saikungkhant at Mar 20, 2013




Comment #1
ညီမလည်းလိုက်ခဲ့ပြီ… မေမေ့ကိုလွမ်းလို့.. 🙂