Professional Authors

အလင်္ကာအချစ်

မင်းကိုချစ်တဲ့ အကြောင်းတွေကို
ဝင်္က၀ုတ္ထိအလင်္ကာလိုသွယ်ဝိုက်မနေလိုတော့ပါ
ငါ့ရဲ့ အချစ်တွေကို
ဥပမာအလင်္ကာလိုခိုင်းနှိုင်းရေးဖို့ 
တန်ဖိုးခြင်းတူတာရှာမတွေ့ ပါ
ကိုယ့်နှစ်လုံးသားထဲက မင်းနဲ့ တွေ့ တိုင်း
မြည်နေတဲ့  ရင်ခုန်သံတွေကို
မြည်သံစွဲအလင်္ကာလို့ တင်စားကာ
အတိသယ၀ုတ္ထအလင်္ကာလို
“မနောဓာတ်ရဲ့ တည်ရာအသဲနှလုံးမှာ”
လို့ အလွန်အကြူးရေးဖွဲ့ ထားပါတယ်…
ရူပကအလင်္ကာလို
နှစ်သက်မြတ်နိုးချစ်ခင်ရသော
ဂုဏ်ရည်ချင်းတူတဲ့နင့်ရဲ့ အဖြေနဲ့ …
                        ငါ့ရဲ့ အချစ်ကို…
ထပ်တူပြုရေးဖွဲ့ ချင်ပါတယ်…မေ…ရယ်

In: ကဗျာ Posted By: Date: Jul 9, 2012
Comment #1

ရူပကအလင်္ကာလို
နှစ်သက်မြတ်နိုးချစ်ခင်ရသော
ဂုဏ်ရည်ချင်းတူတဲ့နင့်ရဲ့ အဖြေနဲ့ …
ငါ့ရဲ့ အချစ်ကို…
ထပ်တူပြုရေးဖွဲ့ ချင်ပါတယ်…………. အရမ်းမိုက်တဲ့စာသားပဲ။ အလင်္ကာလေးတွေလဲသုံးထားတယ်။
loafer က မြန်မာစာ အဓိက နဲ့လားဟင်။ စာလုံးလေးတွေ သုံးတာ လှတယ်။ 🙂

commentinfo By: raingirl at Jul 9, 2012
Comment #2

မဟုတ်ပါဘူး 10 တန်းသုံးကရေးထားတာလေးပါ
အဲ့ဒါကြောင့်မို့ သိနေတာပါ

commentinfo By: loafer at Jul 9, 2012
Comment #3

ကျေးဇူးတင်ပါတယ် နော် လာအားပေးတဲ့ အတွက်

commentinfo By: loafer at Jul 9, 2012
Comment #4

so touching to my heart, 😛
so simple & cute, 😛
so sweet, 😛

commentinfo By: ei lay at Jul 10, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment