Professional Authors

*င့ါဘက်ကအရှုံးး*

ငါ နင့်အပြုံးတစ်ချက် ရဖို့အတွက်
ရူး မလောက် ကြိုးစားခဲ့ရတယ်……..
နင့် အမုန်းဆိုရင် အိမ်မက်ထဲတောင် ထည့်မမက်ချင်ဘူး……

နင့် မျက်ဝန်းတွေကို ငါမကြည့်ရဲဘူး….
အမုန်းတွေပါလို့…..
နင့်စကားတွေ နားထောင်နိုင်စွမ်းမရှိဘူး…..
အခါးတွေပါလို့………
နင့်အနားကို မလာရဲဘူး……
ငါ့ဘက်မှာ အရှုံးတွေပါလို့ ….

ကြယ်တွေကြည့်ပြီး နင့်ကို လွမ်းခဲ့ရတဲ့
ငါ့ ည တွေ ကုန်ဆုံးခဲ့ရတာ နင်မသိပေမယ့်
ကြယ်လေးတွေသိပါတယ်….နင် မယုံရင် ကြယ်လေးတွေ မေးကြည့်နော်….

ဝေးနေတဲ့အခါ ဆယ်ကမ္ဘာကြာပေမယ့်
တွေ့ရတဲ့ အခိုက်
တဒင်္ဂမှာ
ဒီကမ္ဘာမှာ ငါရှိနေတာ မေ့သွားတယ်……..
လူတွေက အချစ်အတွက်ဆို အသက်ပေးရဲတယ်လို့ ကြားဖူးတယ်…..
နင်ယုံလားဟင်…………..
ငါကတော့ နင့်အတွက်ဆို ငါ့ရဲ့အချစ်တွေ အတိုင်းအထက်အလွန် ပေးရဲပါတယ်……

မယ်သီတာက ဒဿကို ဘာလို့ မုန်းတာလဲ
ခေါင်းဆယ်လုံး ရှိလို့လား
ဒါဆို ငါက ခေါင်းတစ်လုံးထဲပါ ချစ်သူရယ် …….မမုန်းလိုက်ပါနဲ့
လူတွေက ဘာလို့ အမှောင်ကို ကြောက်တာလဲ
အလင်းရှိနေလို့လား …..
ငါကရော နင့်အမုန်းကို ဘာလို့ ကြောက်တာလဲ …
အချစ်ရှိနေလို့လား……
ငါ့ အလွမ်းကိုသာ စိုက်ပျိုးလို့ရရင်
ခု လောက်ဆို ငါ သူဌေးကြီးဖြစ်နေပြီ သိလား….

In: ကဗျာ Posted By: Date: Nov 12, 2011
Comment #1

စာသားလေးတွေက ခံစားရတယ်ကွာ
အရမ်းကောင်းတယ် ဆက်ကြိုးစားနော်
အားပေးနေမယ်

Comment #2

လူတွေက အချစ်အတွက်ဆို အသက်ပေးရဲတယ်လို့ ကြားဖူးတယ်…..
နင်ယုံလားဟင်…………..
ငါကတော့ နင့်အတွက်ဆို ငါ့ရဲ့အချစ်တွေ အတိုင်းအထက်အလွန် ပေးရဲပါတယ်……
အားပေးသွားပါတယ်ဗျာ။

commentinfo By: poem.poem28 at Nov 12, 2011
Comment #3

yae yae le le mike de…
1 poke lone lay net de loh khan sar ya de….
sar 1 kyaung tine hmar ko kyike de…
hote de naw,,,,
thu mone twar hmar a yan kyauk de.

commentinfo By: ei lay at Nov 13, 2011
Comment #4

Thx everyone 🙂

commentinfo By: lwan Nge Lay at Nov 13, 2011
Comment #5

အလွမ်းတွေကို
တေးတွေသီလို့
စာစီဖွဲ့ကာ
ငါအထီးကျန်ရတာ
နင်နားလည်ပါတယ်
ဒါပေမယ့်
ဘာအတွက်လဲချစ်သူ
ငါ့ကိုနင်ထားသွားခဲ့တာလေ

commentinfo By: minpyaephyoe6991 at May 13, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment