အဖြူရောင်ဝတ်ရုံနဲ့  နတ်သမီး
ငါငိုရင်နင်မဲ့
နင်ပြုံးရင်ငါပျော်
(တို့ နှစ်ယောက်……)
အဲလိုထပ်တူကျခဲ့တုန်းက
ရင်ခုန်သံဆိုတာ ရိုးရိုးလေးရယ်ပါ
ဘာအပိုအလိုမှ မပါခဲ့ဘူး…..
ရှင်းမပြချင်ဘူး…..
နင့်သိက္ခာတွေအတွက်
(တစ်ချို့ က……)
လှော်ရင်းနဲ့ ပိုနစ်တတ်တယ်လေ သူငယ်ချင်းရဲ့
ငါတို့ ရဲ့အဖြူရောင်
ဘုရားသိတဲ့အတိုင်းလေးပဲထားလိုက်ပါတော့
ကတ်သီးကတ်သပ်
စကားနိုင်လုဖက်လေးရေ…..
အခုငါနင့်ကိုလွမ်းတယ်
ငါမပြောလဲနင်သိတယ်
နင်မပြောလဲငါကြားတယ်
(ဘာလိုလိုနဲ့ ……..)
ငါ့ကမ္ဘာလေးခြောက်ကပ်နေခဲ့တာ
ရက်ပေါင်းတော်တော်ကြာခဲ့ပြီပေါ့
ဘယ်လိုမေ့နိုင်စွမ်းတော့မှာလဲ
ဟိုးအရင်တုန်းကကျွန်တော့်ကမ္ဘာမှာ
နေရယ် လရယ် ကောင်းကင်ရယ်
တလက်လက်တောက်ပနေတဲ့ ကြယ်စင်လေးတွေရယ်
ခုန်ပေါက်ပြေးလွှား အမြဲတမ်းဆော့ကစားနေတတ်တဲ့
အဖြူရောင်ဝတ်ရုံနဲ့  နတ်သမီးလေးရယ်
တကယ်ပဲရှိခဲ့ဖူးပါတယ်……………………………….
………………………………………..
အခုတော့……..
ကျွန်တော့်ကမ္ဘာလေး……….
……………………………….
ခြောက်ကပ်နေခဲ့တာ……
ရက်ပေါင်းတော်တော် ကြာနေခဲ့ပါပြီဗျာ……..
…………………………………………………………။ ။
(ကျွန်တော့်ရဲ့အဖြူရောင်နတ်သမီးလေး(သို့ ) သူငယ်ချင်မလေး ကြားပါစေ……သိပါစေ…..မြင်ပါစေ…..
ပြီးတော့ ခွင့်လွှတ်နိုင်ပါစေ……….)
Comment #5
အလွမ်းတွေ ကို ကောင်မလေး ကြားနိုင်ပါစေဗျာ…..
By: သားသား at Oct 30, 2010
Comment #6
ကျေူးဇူးအများးကြီးတင်ပါတယ်….ကိုသားသားရေ…..
By: moehtetaung18 at Oct 30, 2010
Comment #8
ဟုတ်ကဲ့……ရပါတယ်အစ်ကို demon 13 ခင်ဗျာ…….
By: moehtetaung18 at Nov 1, 2010
Comment #9
:'( :'(
By: နတ်သမီး at Nov 10, 2010
Comment #11
Oh | i’m very happy fri.
By: moehtetaung18 at Nov 10, 2010
Comment #12
Hi
I love you poem
it gives me alot of silent feeling
Thanks so much
friend
By: မွန်စိုက် at Apr 16, 2011
Comment #14
i like both name n story,
By: ei lay at Aug 24, 2011
Comment #15
i read again& again.
now i feel sympthatic to the poet.
By: ei lay at Feb 28, 2012
Comment #17
ကျွန်တော်က မကြိုက်ဘူးပဲဗျ ။ အချစ်ဆိုတာ ကိုယ့်ကိုကိုယ် အလေ့အကျင့် လုပ်မိတာပဲလို့ ဟော သည်က သူရဲကောင်းကြီးဖူးဖရိုက်ဒေး က ၀င်ပြောလိုက်ပါတယ်ဗျ။
By: fullfriday at Aug 3, 2012
Comment #18
be hna khar phat phat kyike par de.
be hna khar phat phat khan sarr ya par de.
title ka sa pi poem 1 khu lone a hnit tway che pe,,
😛
By: ei lay at Aug 3, 2012
Comment #19
ထိထိမိမိ
By: sharon myorr myor at Aug 3, 2012




Comment #1
ဆုတောင်းတွေပြည့်ပါစေ…။။။