စိတ်ကူးထဲက နတ်သမီး
“မနက် အိပ်ယာထက် နိုးရခက်
အိန်ဂျယ်ဆိုတဲ့ နတ်သမီး တစ်လက်
အိမ်မက်ထဲထိ ၀င်နှောင့်ယှက်
အရမ်းသတိရတယ် နတ်သမီး
မမေ့နိုင်တော့ဘူးဒီတစ်သက်”
အသေးစိတ် မသိတဲ့ နတ်သမီးအကြောင်းက
ငါ့နှလုံးသား တစ်ခုလုံး ကြီးစိုးလို့နေသည် ။
မိုးလင်းက မိုးချုပ် ဒီဆန်ပြုတ်
မနက်စာလည်း ဒါ
နေ့လယ်စာလည်း ဒါ
ညနေစာ စားတော့လည်း ဒါ
သူ့ အကြိုက် အသားဟင်းက မပါ
အစားကလည်း ကောင်းပေ့ဆိုမှ စားချင်
အလုပ်ဆိုလည်း မယ်မယ် ရရ မလုပ်ကိုင်
တစ်ခါတစ်ခါ အွန်းလိုင်းပေါ်တက်ပြီး ဆရာလုပ်ချင်
ကိုယ့်ကိုယ်ကို အလုပ်မရှိမှန်း မသိ ရိုးသားတယ်ထင်
ဆန်ပြုတ်စားလို့ ဗိုက်ပြည့်သွားရင် စိတ်ကူးက ယှဉ်
စိတ်ကူးထဲတင်
ပြစ်မှုကြူးလွန် နတ်သမီးကို မြင် ………..။
”တစ်ခါ တစ်ခါ ပေါ်လို့လာ ငါ သာမြင်
ရုပ်ရှင် ပိတ်ကားပေါ်က ရွှေရောင်အလှနဲ့ အိန္ဒြကျောင်ဇင် (ကာရံညီသွား အောင်လို့)ကို
နတ်သမီးလို့ ထင် ”
နောက်နေ့ ပြန်မတွေ့ ရတော့ဘူး
ပြန်မတွေ့ ရပေမယ့်
နှလုံးသားက နတ်သမီးကို
မျှော်လင့် မျှော်လင့် မျှော်လင့် လို့……
နှလုံးသားက အသိအမှတ်ပြုတဲ့
နတ်သမီးကို ငါ့စိတ်ထဲက ဖျောက်မရတော့ဘဲ
သတိရဆဲ သတိရမြဲ သတိရလို့နေသည်…။
လာမယ့် မတ်လဆို(နွေရာသီရောက်တော့မယ်)
နတ်သမီးနဲ့တွေ့တာ တစ်နှစ်ပြည့်တော့မယ်….
” အချိန်ဆိုတဲ့ အရာက အချစ်ကို မွေးဖွား
အချစ်ကို ပြန်ယူသွား…… တတ်သည်”
တစ်နှစ်ဆိုတဲ့ အချိန်ကာလအတွင်းမှာ
နှလုံးသားမှ အလိုလို စီးကျလာတဲ့
အချစ်ကို ဘယ်လိုမှ ဘယ်သူကမှ ဖျက်ဆီး
ပြန်မယူသွားနိုင်တော့ဘူး……..။
ဒါဟာ နတ်သမီး အပေါ် စင်စစ် ငါ့ရဲ့ ချစ်ခြင်း
၂၃ ရက် ၊ မတ်လ ၊၂၀၁၀ ခုနှစ် (အမှတ်တရ)
Comment #2
အားပေးသွားပါတယ်… gadounlay
By: genius.jinx28 at Feb 21, 2011
Comment #4
wow,,,
simple poem
By: ei lay at Feb 12, 2012
Comment #5
he,,he,,
really nice
By: ei lay at Mar 25, 2012




Comment #1
အချိန်ဆိုတဲ့ အရာက အချစ်ကို မွေးဖွား
အချစ်ကို ပြန်ယူသွား…… တတ်သည်”