Professional Authors

*သံစဉ်မဲ့အထီးကျန်ခြင်း*

ကောင်လေးရေ…..
တကယ်တော့အိပ်မက်ခါးခါးတွေထဲ
အတွန်းချခံထားရသူကငါပါ
တုန့် ပြန်မှုတစ်ခုခုရဖို
လုပ်ကြံဇာတ်တွေလည်းခင်းမပြချင်ဘူး …..

အချစ်ဆိုတာသချာင်္တစ်ပုဒ်မဟုတ်ပေမယ့်
ဒီရင်မှာတော့မင်းနဲ့ ပါတ်သက်လာရင်အနှုတ်တွေပဲ
နှလုံးသားထဲကသံယောဇဉ်ကို
နင်ဘာပေတံနဲ့ တိုင်းမလည်း …………

အမြဲတမ်းခွင့်လွှတ်တတ်တာကိုယ့်ရဲ့ အကျင့်ဆိုးတစ်ခုတဲ့လား
အနိုင်မလိုချင်လို့ အရှုံးပေးတာပျော့ညံ့တာတဲ့လား
နင်ကိုဂရုစိုက်လွန်းတာဟာဇီဇာကြောင်တယ်တဲ့လား ……..

နောက်ဆုံးမှာတော့
အချိန်ကျရင်ကွဲမယ့်ဗုံးတစ်လုံးလို
အမုန်းမပါပဲအကြင်နာသက်သက်
နေ့ စဉ်ရက်ဆက်မပျက်ကွက်ပဲ
ယုယစွာတွယ်တာလာခဲ့ရတဲ့ငါပါ ……..

အချိန်တန်တော့အိမ်ပြန်ဆိုသလိုပဲ
စွပ်စွဲချက်အမျိုးမျိုးနဲ
လက်ညိုးအထိုးခံပြီး
ရင်နာစွာနဲ့ ကျန်ခဲ့ရသူက
နင့်ကိုသိပ်ချစ်
နင့်ကိုသိပ်တွယ်တာတဲ့

In: ကဗျာ Posted By: Date: Nov 6, 2011
Comment #1

အချိန်တန်တော့အိမ်ပြန်ဆိုသလိုပဲ
စွပ်စွဲချက်အမျိုးမျိုးနဲ့ 
လက်ညိုးအထိုးခံပြီး
ရင်နာစွာနဲ့ ကျန်ခဲ့ရသူက

Leave Comments

Name*

Email*
Website
Email me whenever there is new comment