Professional Authors

မိုးစက်(သို့) ရွက်စိမ်း အတွက် စတေးခြင်း

သတိထားမိတော့

ငါ့ကိုငါ စိမ်းတယ်လို့ ထင်ရလောက်အောင်

ပတ်ဝန်းကျင်က စိမ်းနေတယ်


အေးစက်စက်အနေအထားမှာ

ငါ့အဖေါ်တွေ ကို မတွေ့တော့ဘူး

ငါဟာ နောက်ဆုံးပဲထင်ရဲ့

သူတို့ရဲ့ ခန္ဒာပျက်သုန်းသံက

တရှူးရှူးလေတိုက်သံကြားထဲမှာ

“ ဖျောက်“ ခနဲ ထက် မပိုခဲ့ဘူး . .

 

ငါ ဟာ ဘယ်သူ့အတွက်လဲ …

တွေးနေတုံး ငါ လှုပ်ခါသွားတယ်

တည်ရာကို ခြေကုပ်ယူလိုက်ပေမယ့်

ဒလိမ့်ခေါက်ခွေး လိမ့်ကျတယ် . . .

လက်လှမ်းမီရာကို ဖမ်းဆွဲ . .

အဲ …

တဲတဲလေးပဲ


ဒိထက်မက ကြုံဖူးပေမယ့်

နောက်ဆုံးဆိုတဲ့အသိနဲ့ တုန်လှုပ်သွားတယ်

 

ကောက်ရိုးမျှင်က (ငါ့ကြောင့်) ညွှတ်ကျလာတယ်

တစ်ဆက်တည်းမှာပဲ

ငါနဲ့ဆန့်ကျင်ဘက်လားရာကို

ရုန်းဆန့်ထွက်လိုက်တယ်

ငါ သူနဲ့ ပြန်ပါသွားတယ် . . .


ဒီတစ်ခါ အညွတ်မှာတော့

ပတ်ဝန်းကျင်ရဲ့

လှုံ့ဆော်မှုနဲ့အတူ

ငါ့ ကိုသူ လွှတ်ချ . . .

မကြာမတင်လေးကမှ

အသစ်ဖွဲ့စည်းလိုက်တဲ့ . . ငါ

မြေပေါ်မရောက်ခင်

အစိတ်စိတ်အမွှာမွှာ ကွဲထွက်လွင့်စင်


ငါ့ဘ၀ နောက်ဆုံးမှပဲ

မိုင်ပေါင်းများစွာ အဝေးကို

ဘာကြောင့်

ဖြတ်သန်းခဲ့လဲဆိုတာ

သိခဲ့ရတယ် … ရွက်စိမ်းလေးရေ . . .

In: ကဗျာ Posted By: Date: Jun 24, 2011
Comment #1

ငါ ဟာ ဘယ်သူ့အတွက်လဲ …

တွေးနေတုံး ငါ လှုပ်ခါသွားတယ်

ငါ့ဘ၀ နောက်ဆုံးမှပဲ

မိုင်ပေါင်းများစွာ အဝေးကို

ဘာကြောင့် ဖြတ်သန်းခဲ့လဲဆိုတာ …

Leave Comments

Name*

Email*
Website
Email me whenever there is new comment