Professional Authors

ဝံပုလွေတွေ ပျော်တဲ့ည – နရီထက်

အပြုံးမျက်နှာစက်နှင့်
သွေးအေးနေတဲ့ လမင်း
မသိမသာ နေလိုက်တယ်
ဝံပုလွေတွေ ကပွဲညမှာ. . .

သစ်ရိပ်ညိုတွေ
မှေးစက်နေလား
အိပ်စက်နေလား
အိပ်ချင်ယောင်နေသူ
သစ်ရိပ်ညိုတွေ
မင်းကို နှိုးရခက်နေပြီးလား
ဝံပုလွေ စားသောက်တဲ့ပွဲမှာ. . .

လေတိုးသံတွေ သရှပ်ရှပ်
တံခါးမခေါက်ပဲ ၀င်လာခဲ့တယ်
အန္တရာယ်ကောင် ၀ံပုလွေနွယ်ဖွား
အသက်နှုတ်မယ့်သူတွေ
သူတို့ ကိစ္စအပြီးမှာ
တိတ်ဆိတ်ငြိမ်သက်စွာ
အဝေးကို ထွက်ပြေးသွားခဲ့ကြတယ်
ဝံပုလွေ မြူတဲ့ညလား

နောက်ဆုံးမှာ ငါ့သွေးသားချင်းတွေက
စိတ်စေရာတွေနှင့် ပြစ်ဖို့ခဲ့ကြတယ်
ငါ့ကြောင့် အေးချမ်းမှုလေး
ဆိတ်သုဉ်းခဲ့တယ်
တစ်ယောက်သောသူရဲ့ အသက်
ဝံပုလွေတွေ ယူသွားခဲ့တယ်
ငါ့ကြောင့်
ငါ့ကြောင့်
ငါ့ကြောင့်တဲ့
တော်ကြတော့. . .
ဝံပုလွေတွေရဲ့ စနက်
ပိုက်ကွန်ဖြန့်ခဲ့သလား
မာယာအူသံ လမင်းအကြိုက်
သွေးအေးအေးနှင့်
ငါကို
ငါကို
ငါကို
နှိပ်စက်နေကြသလား
နောက်ဆုံးမှာ သူတို့က
ငါ့နားနှစ်ဖက်ကပ်
တိုးတိုးလေး မေးလိုက်တယ်
မင်း နေကောင်းလားတဲ့. . .
သွေးအေးအေးနှင့် အပျော်မြူနေတဲ့
လမင်းအကြိုက် ၀ံပုလွေတွေရယ်. . .

နရီထက်
( ၁၈ ၊ အောက်တိုဘာလ ၊ ၂၀၁၀ )

In: ကဗျာ Posted By: Date: Oct 18, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment